တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများအား ဖမ်းဆီးရမိ

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ သံတံတားကျေးရွာ ပတ်ဝန်းကျင်တစ်ဝိုက်တွင် တပ်မတော် စစ်ကြောင်းက လုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က တောလမ်း အတိုင်း မန်စီဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ဆိုင်ကယ် သုံးစီးအား ရပ်တန့်စစ်ဆေးရာမှ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ဦးလော့ယုရှန် အသက် ၄၅ နှစ်(ဘ) ဦးလော့ရီရှန်း၊ ဦးအားကျန့် အသက် ၄၁ နှစ်(ဘ) ဦးရန်အား၊ ဦးယန်စီရှယ် အသက် ၄၄နှစ်(ဘ) ဦးရှောင်ကွေ့တို့အား ဆိုင်ကယ်သုံးစီး၊ စီဒီအမ်အေ ဖုန်းတစ်လုံး၊ တရုတ်ဖုန်းနှစ်လုံး၊ ဘိန်းမဲ ၁ ကျပ်သားခန့်၊ မြန်မာငွေကျပ် ၁၂၄ သိန်း၊ တရုတ်ငွေ ၄၆၂ ယွမ်တို့နှင့် အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူ သုံးဦးနှင့်အတူ ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် မြဝတီသတင်းစာတွင် ပါရှိသော တရားမဝင် သစ်တင်ယာဉ်များနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် တစ်ဖက်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသူ ၁ဝ ဦး စုစုပေါင်း ၁၃ ဦးတို့အား တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်နိုင်ရေး မန်စီမြို့နယ် ရဲစခန်းသို့ ဖေဖော်ဝါရီ ၂ ရက်က စနစ်တကျ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ