တေးသံရှင်မေသူ၏ သာယာတဲ့ကမ္ဘာစီးရီး မတ်လ ၆ ရက်ထွက်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ကိုယ်ပိုင်သံစဉ် အချစ်သီချင်းများစွာ ပါဝင်သော သာယာတဲ့ကမ္ဘာ စီးရီးကို မတ်လ ၆ ရက်နေ့မှစတင်ပြီး ရတနာမြိုင် တေးသံသွင်းမှ စတင်ဖြန့်ချိတော့မည် ဖြစ်ကြောင်း တေးသံရှင် မေသူက The Voice သို့ ပြောကြားသည်။

“ဒီစီးရီးက ညီမရဲ့ ဒုတိယမြောက် စီးရီးပါ။ ဒီခွေထဲမှာတော့ အဆွေးသီချင်းတွေ လျှော့ပြီး မြူးမြူးကြွကြွနဲ့ ကလို့ကောင်းမယ့် သီချင်းလေးတွေကို ညီမ ဦးစားပေး ထည့်ထားတယ်။ သီချင်းတွေထဲမှာ လွှမ်းပိုင်နဲ့ စုံတွဲဆိုထားတဲ့ အဖြည့်ခံလူဆိုတဲ့ သီချင်းလေးက ပရိသတ်တွေ အတွက်လည်း ထူးခြားမှာပါ။ သူက ပုံမှန်ဆို Rap တွေ ဆိုတာများပေမယ့် ညီမက Pop သီချင်းလေးပဲ ဆိုချင်တယ်လို့ တောင်းဆိုထားတဲ့အတွက် ကူညီပြီး ဆိုပေးထားပါတယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။

သာယာတဲ့ကမ္ဘာ စီးရီးတွင် သီချင်းများကို တေးရေး ဇဝါ၊ စံပီး၊ ရေမွန်၊ အောင်လ၊ ဒီယံ၊ သားသား၊ ဘန်နီဖြိုး၊ လွှမ်းပိုင်၊ စောရှိုင်း၊ ဇင်ဗိုတို့က ရေးသားပေးထားပြီး တေးသံရှင် ဟဲလေး၊ လွှမ်းပိုင်နှင့် ဉာဏ်လင်းအောင်တို့က စုံတွဲပါဝင် ကူညီသီဆို ပေးထားကြောင်း၊ စီးရီးအတွက် ဗီစီဒီကို မတ်လကုန်တွင် စတင်ရိုက်ကူးရန် စီစဉ်ထားပြီး ဖြန့်ချိသည့် အချိန်တွင် ထူးခြားသည့် အစီအစဉ်များနှင့် ဖြန့်ချိသွားမည် ဖြစ်ကြောင်း၊ သီချင်းများကို တေးရေးဆရာများက အကောင်းဆုံး ရေးပေးထားသလို၊ ကိုယ်တိုင်ကလည်း ကြိုးစား သီဆိုထားသည့်အတွက် ပရိသတ်များ၏ အားပေးမှုကို မျှော်လင့်ကြောင်း မေသူက ဆိုသည်။

“ဒီစီးရီးထဲမှာ သူ့အသံနဲ့လည်း လိုက်မယ့်၊ လူငယ် ပရိသတ်တွေ အတွက်လည်း အဆင်ပြေမယ့် သီချင်းတွေကို သူနဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်ထားပါတယ်။ သူက သီချင်းလည်းဂျီး (ချေး) များတယ်။ သူကိုယ်တိုင်လည်း ဖြစ်ချင်တဲ့ အရာလေးတွေကို တေးရေး ဆရာတွေ သေချာပြောပြတယ်။ တကယ်ကြိုးစားပြီး လုပ်ထားတဲ့ ခွေလေး ဖြစ်တဲ့အတွက် ပရိသတ်တွေနဲ့ အဆက်အဟပ် တည့်မယ်လို့ ထင်ပါတယ်” ဟု ယင်းစီးရီးကို တာဝန်ယူ စီစဉ်ပေးသည့် တေးရေးဆရာ နေထိုက်စိုးက ပြောကြားသည်။

The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ