ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူသတ်မှုဖြစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

၂၇.၂.၂၀၁၄ရက်နေ့၁၈၃၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ဦးထွန်းလွင်သည် ၎င်း၏သားများဖြစ်ကြသော ရန်နိုင်ထွန်းနှင့်ဟိန်းထွန်းအောင်တို့မှာ ခိုက်ရန်ဖြစ်ပွားကာ ဒဏ်ရာများ ရရှိပြီး ရပ်ကွက်အတွင်းရှိဆေးခန်းသို့ရောက်ရှိနေကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရာ ရန်နိုင်ထွန်းတွင် ၀ဲချိုစောင်းနှင့်နားထင်တို့၌ စုတ်ပြဲဒဏ်ရာ၊ ဦးခေါင်းထိပ်နှင့်နောက်စေ့တို့၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ဟိန်းထွန်းအောင်တွင် ယာနားထင်၌စုတ်ပြဲဒဏ်ရာများ ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားမေးမြန်းရာ ၎င်းတို့(၂)ဦးအား ၁၈၁၀ အချိန်ခန့်က ရပ်ကွက်အတွင်း အေ/၅လမ်းတွင် ယခင်က စကားများရန်ဖြစ်ခဲ့ဖူးသူ အမည်မသိ လူမြင်မှတ်မိအမျိုးသား(၇)ဦးခန့်တို့က တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရပါသည်။

၎င်းတို့(၂)ဦးအားရန်ကုန်ဆေးရုံကြီးသို့တင်ပို့ကုသစဉ်၂၈.၂.၂၀၁၄ရက် နေ့ ၀၁၃၀ အချိန်တွင် ရန်နိုင်ထွန်းမှာ သေဆုံးသွားခဲ့ပြီး ဟိန်းထွန်းအောင် မှာ ပြင်ပလူနာအဖြစ်ကုသခဲ့ရသောကြောင့် စုံစမ်းအရေးယူပေးပါရန် ဦးထွန်းလွင်မှ တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်းမြို့မရဲစခန်း(ပ) ၆၈/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၃/၁၁၄ ဖြင့်အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ