လမ်းပြောင်းပြန် မောင်းနှင်လာသောယာဉ်မှ အခြားယာဉ် (၃)စီးအားတိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

၂၀.၂.၂၀၁၄ရက်နေ့ ၂၀၃၀အချိန် စမ်းချောင်းမြို့နယ်နေ ထက်အောင်ရှိုင်း၊ (ဘ)ဦးစိုးနိုင်သည် ၈ဂ/--- လိုက်ထရပ် အဖြူရောင်ယာဉ်အား မြေနီကုန်းတောင်ရပ်ကွက်၊ ဓမ္မာရုံလမ်း အတိုင်း လမ်းပြောင်းပြန် မောင်းနှင်လာရာ ဓမ္မာရုံလမ်း၊ အမှတ်(၅၉)ရှေ့တွင်ရပ်ထားသော CC/----ပရိုဘောက်အဖြူရောင် ယာဉ်အားတိုက်မိပြီး ယာဘက်သို့ဆွဲရှောင်စဉ် ၎င်းလမ်းအတိုင်း ယာဉ်မောင်း ဦးအာကာမင်း မောင်းနှင်သည့် 2E/----ပရိုဘောက်
အဖြူရောင်ယာဉ်အားတိုက်မိကာ ဆက်လက်မောင်းနှင်သွားစဉ် ဗားကရာလမ်းနှင့် ဗိုလ်မိုးလမ်းထိပ်အရောက် ယာဉ်မောင်း ဦးထွန်းလွင်မောင်းနှင်သော ၄စ/----ပရိုဘောက် ခဲရောင်ယာဉ်အား ထပ်မံတိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်(၄)စီး ပိန်ချိုင့်ပျက်စီးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ထက်အောင်ရှိုင်းအား စမ်းချောင်းမြို့မရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ