ခရမ်းချဉ်သီးက လေဖြတ် နိုင်ခြေကို လျှော့ချနိုင်

ခရမ်း ချဉ်သီးဟာ လေဖြတ် နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့ တာကို အာရုံကြော ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထား ပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ များ စွာ ပါဝင်ပါတယ်။

လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်း ပမာဏ များစွာ ရရှိသူတွေဟာ လိုင်ကိုပင်း ပမာဏ နည်းစွာ ရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက်၄၆နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂နှစ် ကြာအောင် လေ့လာ ခဲ့ရာမှာ တွေ့ရှိခဲ့ တာဖြစ်ပါတယ်။တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာ ကယ်ရိုတင်း၊ ဘီတာ ကယ်ရိုတင်း၊ အယ်လ်ဖာ တိုကို ဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြု ခဲ့ပေမယ့် သူတို့တွေဟာ လေဖြတ် နိုင်ခြေနဲ့ ဆက်စပ်မှု မရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ