သရုပ်ဆောင်လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး လို့ ဆိုလာသူ နီနီခင်ဇော် နှင့် ခဏတာ

Melody World အစီအစဉ်မှ စတင်၍ ယခုထက်တိုင် ပရိသတ် အားပေးမှု အခိုင်အမာ ရရှိရုံ သာမက (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ပွဲတော်ကြီး ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားတွင် သူ၏ ဖျော်ဖြေ တင်ဆက်မှုသည် ပရိသတ်များ၏ ရင်ထဲတွင် နေရာ တစ်နေရာ ရရှိလာသော အခြေအနေ ဖြစ်ပေါ် လာခဲ့သည့် အဆိုတော် နီနီခင်ဇော် သည် သီချင်းများ သီဆိုခြင်း နှင့် စာရေးခြင်း ကိုသာ ဝါသနာပါပြီး သရုပ်ဆောင် လုပ်ရန် အစီအစဉ် မရှိသေးပါဘူး ဟု ဆိုလာခဲ့သည်။

'' နီနီ တကယ် ဝါသနာပါ တာက သီချင်းဆို တာနဲ့ စာရေးတာလေ။ မင်းသမီး လုပ်ဖို့ကိုတော့ မစဉ်းစား မိပါဘူး။ မင်းသမီး တစ်ယောက် ဖြစ်လာဖို့ ဆိုတာ ကလည်း မင်းသမီး တစ်ယောက်ရဲ့  အရည်အချင်း တွေ အများကြီး လိုအပ် ပါတယ်။ နီနီ သီချင်းခွေ တွေမှာ သရုပ်ဆောင် တာတောင် အဆင်ပြေချင် တာမဟုတ်ဘူး။ အဲဒါကြောင့် လည်း သရုပ်ဆောင် လုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး'' ဟု သူက ပြောပြခဲ့သည်။

နီနီခင်ဇော်၏ ''မာရီယို'' Audio အခွေ ကလည်း ပရိသတ်များ အကြိုက်တွေ့ ခဲ့ကြသည်။ နယ်ရှိုးများနှင့် နိုင်ငံခြား ခရီးစဉ် သွားရန် ရှိကြောင်း ကိုလည်း " မန္တလေး ၊ ပုဂံ နဲ့ ချောက် ဘက်ကို သွားဖို့ ရှိပါတယ် ၊ နိုင်ငံခြား ရှိုး ကတော့ တောင်ကိုရီးယား မှာ Lazy Club နဲ့ သွားပြီး ဆိုရမှာပါ ၊ ပြီးတော့ နီနီရဲ့ မာရီယို MTV လေးကို ရိုက်နေပါတယ် .... " ဟု ဆက်လက် ပြောပြ ခဲ့သည်။

သူမ၏ ကြိုးစားမှု များကို ပရိသတ် အားပေး ပါစေတော့ ဟု ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ အကောင်းဆုံး ကြိုးစားပြီး သီဆိုခဲ့သည့် အတွက် ပရိသတ် အသိအမှတ်ပြု ပေးတာကိုလည်း ကျေးဇူးတင် ပါကြောင်း နှင့် သူမ၏ " မာရီယို " MTV ကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ