အိမ်တွင်းပုန်း မိခင်တစ်ဦး မဖြစ်ချင်သည့် ကီရာနိုက်တလေ

ဗြိတိသျှ ရုပ်ရှင်မင်းသမီးက လတ်တလောတွင် မိသားစု ဘဝတစ်ခု ထူထောင်ရန် အစီအစဉ် မရှိသေးသော်လည်း သားသမီးများ ရရှိလာပါက အိမ်တွင်သာ အချိန်ကုန်နေမည့် မိခင်ဘဝမျိုးကို မျှော်လင့်မထားဟု ဆိုသည်။

သူမအနေဖြင့် မိခင်တစ်ဦး၏ ဘဝသို့ ရောက်ရှိလာပါက အိမ်တွင်းပုန်း အိမ်ရှင်မတစ်ဦး ဖြစ်နေမည် မထင်ကြောင်း ကီရာနိုက်တလေက ပြောကြားလိုက်သည်။ ဗြိတိသျှ ရုပ်ရှင်မင်းသမီးက လတ်တလောတွင် မိသားစု ဘဝတစ်ခု ထူထောင်ရန် အစီအစဉ် မရှိသေးသော်လည်း သားသမီးများ ရရှိလာပါက အိမ်တွင်သာ အချိန်ကုန်နေမည့် မိခင်ဘဝမျိုးကို မျှော်လင့်မထားဟု ဆိုသည်။ အသက်(၂၈)နှစ်ရှိ ကီရာသည် ဂီတသမား ဂျိမ်းစ်ရင်တန်နှင့် ပြီးခဲ့သည့် နှစ်လယ်ပိုင်းက လက်ထပ်ထားသူ ဖြစ်သည်။

Express မဂ္ဂဇင်းက ကီရာ၏ မိသားစုဘဝ မျှော်လင့်စိတ်ကူးများကို မေးမြန်းရာ "ကျွန်မက အိမ်ထဲမှာပဲ နေနေမယ့် အမေတစ်ယောက် ဖြစ်နိုင်မလား။ ဟင့်အင်း။ ကျွန်မတော့ မထင်ဘူး"ဟု ဆိုသည်။ သူမက "တစ်ဖက်မှာ တွေးကြည့်ရင် အမျိုးသမီးတွေဟာ အမျိုးသားတွေလိုပဲ တူညီတဲ့ တာဝန်ဝတ္တရားတွေ ရှိသင့်တယ်။ အဲဒီလိုပဲ မိသားစုဘဝကို ထိန်းသိမ်းတည့်မတ်ဖို့အတွက် အမျိုးသားတွေကလည်း တာဝန်ယူသင့်တယ်။ ဒီအခြေအနေအတွက် ဘာကိုမှ ဝေဖန်အကြံပြုနေတာမျိုး မရှိသင့်ဘူး"ဟုလည်း ပြောကြားခဲ့သည်။

ကီရာက ဟောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အမျိုးသမီးများအတွက် ယခင်ကထက် လမ်းပွင့်လာသည့်တိုင် အမျိုးသားများသာ ကြီးစိုးနေသည့် နယ်ပယ်တစ်ခုအဖြစ် ဆက်လက်တည်မြဲနေဆဲဟုလည်း ယုံကြည်နေသည်။ "ဟောလီးဝုဒ်မှာ အမျိုးသမီး ဇာတ်ကောင်ကို အားပြုတာမျိုး သိပ်များများစားစား မရှိလှဘူး။ ဒါပေမဲ့ အားပြိုင်မှုတွေ အများကြီး ရှိနေတယ်။ ပြီးတော့ အံ့ဩစရာ ထူးချွန်တဲ့ မင်းသမီးတွေ ထွက်ပေါ်လာနေဆဲ ဖြစ်တာကတော့ ကျေနပ်စရာပါပဲ"ဟုလည်း ကီရာက မှတ်ချက်ပြုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ