နွားထိုးကြီးမှာ ဆိုင်ကယ်မှောက်၍ သေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၁ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၃၀/၇)နှင့် (၃၃၁/၀)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွာရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မန္တလေးမှနေပြည်တော်သို့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ သရက်ကန်ရွာနေ ဟန်ဇော်ထွေး(၂၈)နှစ် မောင်းနှင်ပြီး နောက်မှတစ်ရွာတည်းနေ ၀င်းကျော်(၄၅)နှစ်လိုက်ပါလာသော ကန်ဘို(၁၂၅)အနက်ရောင်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးမြေသားလမ်းပေါ်သို့ ထိုးကျတိမ်းမှောက်ခဲ့သည်။ ယာဉ်တိမ်းမှောက် မှုကြောင့် ဟန်ဇော်ထွေးတွင် ဦးခေါင်းထိပ်ချိုင့်ဝင်ဒဏ်ရာရရှိသေဆုံးခဲ့ပြီး ၀င်းကျော်၌ ၀ဲပေါင်/ ယာခြေဖမိုးပွန်းပဲ့ဒဏ်ရာများရရှိခဲ့၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဟန်ဇော်ထွေးအား ပြင်စည်အမြန်လမ်း ရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ