ကျန်းမာရေးကောင်းလာသည့် အဆိုတော်ဆိုတေး


ကျန်းမာရေး အခြေနေကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော်ဆိုတေး၏ “မင်္ဂလာပါဆိုတေး” စီးရီး ဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ ထွက်ရှိမယ်လို့သိရတာကြောင့် ဆိုတေး၏မိခင်ဖြစ်သူကို မေးမြန်းခဲ့ ပါတယ် ..

ကျန်းမာရေးကောင်းလာပြီလား။

ကျန်းမာရေးအခြေအနေကတော့ အရင်ကထက်စာရင် နည်းနည်းကောင်းလာပါပြီ။ ဒါပေမဲ့ စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ အားလည်း သိပ်မရှိသေးဘူး။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ် နေပါတယ်။

ဒါဆိုရင် သီချင်းတွေဆိုနိုင်ပြီလား။

သီချင်းတွေဆိုနိုင်ပြီလားဆိုတော့ နယ်ပွဲတွေတော့ လိုက်မဆိုနိုင်သေးဘူး။ ဒူးက အနာအရှိန်ကြောင့်ပါ။ ရန်ကုန်မှာကြတော့ တဖြေးဖြေးနဲ့ အားယူပြီးတော့ လုပ်ဆောင်ရတာပေါ့။

ဒါဆိုရင် အခုလက်ရှိကော အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလှုပ်ရှားဖို့ရှိလဲ။

ဖေဖော်ဝါရီ ၁၂ ရက်မှာ တစ်ကိုယ်တော်အခွေ ထွက်ဖို့ ရှိပါတယ်။ တေးစီးရီးနာမည်ကတော့ မင်္ဂလာပါ ဆိုတေးပါ။ ဒီ တေးစီးရီးမှာ ပါဝင်တဲ့ သီချင်း ၁၃ ပုဒ်ကို တေးရေးက ဒေးဗစ်တစ်ပုဒ် ရေးသားပါတယ်။ ကျန်တာကတော့ ကိုယ်ကိုယ်တိုင်ပဲ ရေးသားထားတာပါ။ Band ကတော့ Lazy Club နဲ့ပါ။

ဒုတိယတေးစီးရီးဖြစ်တဲ့ မင်္ဂလာပါဆိုတေး တေးစီးရီးက ပထမအခွေထက်ပိုပြီး အားရတာမျိုး ရှိလား။

ပထမအခွေလည်း ပရိသတ်အားပေးမှု တော်တော်လေး ရရှိခဲ့ပါတယ်။ အခုလည်း ပရိသတ်အားပေးမယ် လို့ မျှော်လင့်ပါတယ်။ နေမကောင်းတဲ့ကြားက အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားတဲ့အတွက် အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

သင်္ကြန်မှာ သီချင်းသီဆိုမယ်လို့ ကြားထားတယ်။ အဲဒါ ဟုတ်ပါသလား။

အခြေအနေပေါ်မူတည်ပြီး သီဆို ဖြစ်မှာပါ။ သီဆိုနိုင်ရင်တော့ ကောင်းတာပေါ့။ နယ်တော့ လိုက်မဆိုဖြစ် ပေမယ့် ရန်ကုန်မှာတော့ သီဆိုဖြစ်နိုင်ပါတယ်။ သူနေကောင်းရင်တော့ အစီအစဉ်တစ်ခု လုပ်ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံမှာ သုံးလလောက် တက်လိုက်ရတယ်ဆိုတော့ သူက တော်တော်လေး ပိန်နေတယ်။ အဲဒီအတွက် အခြေအနေကိုလဲ ကြည့်ရဦးမှာပါ။ သူကိုယ်တိုင်လည်း ကျန်းမာရေးကို ဂရု စိုက်သလို အန်တီတို့တွေလည်း ၀ိုင်းပြီး ဂရုစိုက်ကြပါတယ်လို့ မိခင်ဖြစ်သူက ဆိုတေးကိုယ်စား မဇ္ဈိမကို ပြောကြားခဲ့ပါတယ်။

မိုးသူ၊ မေနှင်းကြည်
Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ