လမ်းဘေးရပ်ထားသော ယာဉ်နှစ်စီးကို ညဥ့်နက်သန်းခေါင်ယံ မတ်ခ်တူးက တိုက်

ရန်ကုန်  ဇန်နဝါရီ  ၂ဝ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၃)ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်းမကြီးအတိုင်း ရှေ့မှနောက်သို့ မောင်းနှင်လာသော (ယာယီ/----) မတ်ခ်တူးအဖြူရောင် ကိုယ်ပိုင်မော်တော်ယာဉ်သည်   ယနေ့နံနက် ၁ နာရီ ၅ မိနစ်ခန့်က ရဲရန်အောင်မှတ်တိုင်အနီး လမ်းဘေး၌ရပ်ထားသော  (အုတ်သဲကျောက်တင်) ၃က/---- ဒိုင်ဟတ်စု  မော်တော်ယာဉ်ကို အရှိန်ဖြင့်တိုက်မိပြီး ၎င်းရှေ့ရှိ    (အုတ်သဲကျောက်) ၅င/---- ဟွန်ဒိုင်း မော်တော်ယာဉ်ကို  ဆက်လက်တိုက်မိခဲ့သည်။

အဆိုပါ  ယာဉ်တိုက်မှုကြောင့် (အုတ်သဲကျောက်တင်) ယာဉ်နှစ်စီးမှာ အနည်းငယ်ပျက်စီးခဲ့သော်လည်း မတ်ခ်တူးယာဉ်မှာ ဦးခေါင်းပိုင်း ကြေမွပျက်စီးသွားကြောင်းနှင့် မတ်ခ်တူးယာဉ်ပေါ်ပါ သုံးဦးဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ