၁၂ ဘီးကုန်ကား ဓာတ်တိုင်ဝင်တိုက် ရပ်ထားသည့်ကားပေါ် ဓာတ်တိုင်လဲကျ

ရန်ကုန်   ဇန်နဝါရီ   ၂ဝ

ဘုရင့်နောင်ပွဲရုံဝင်း  ဇန်နဝါရီ  ၂ဝ ရက်  မွန်းလွဲ  ၃  နာရီခန့်က အင်ကြင်းလမ်းမနှင့် ငုဝါလမ်းထိပ်တွင် ငုဝါလမ်းအတွင်းသို့  ကွေ့ဝင်သည့် ၁၂ ဘီးကုန်ကား   ၆ခ/--- ဟီးနိုး အမျိုးအစား    စိမ်းနုဖြူကျားအရောင် ယာဉ်မောင်း ကိုအောင်အောင် (၃ဝနှစ်)သည် ယာဉ်တစ်စီးကို  ရှောင်ရာမှ လမ်းထောင့်တွင် စိုက်ထူထားသော လျှပ်စစ်ဓာတ်တိုင်ကို တိုက်မိခဲ့ကြောင်း၊ အတိုက်ခံရသော ဓာတ်တိုင်သည်    ဓာတ်တိုင်အနီး ရပ်ထားသော ကိုင်ပိုင်အိမ်စီးယာဉ်ငယ်  BAGO ၃က/--- အဖြူရောင် နောက်ပိုင်းပေါ်လဲကျရာ ယာဉ်နောက်ပိုင်း ပျက်စီးခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။

၁၂ ဘီးကုန်ကားသည် မိတ္ထီလာခရီးစဉ်တွင် ကုန်သယ်ယူပို့ဆောင်နေသော   ကုန်ကားတစ်စီးဖြစ်ကြောင်း  ကားဂိတ်ပိုင်ရှင်တစ်ဦးကဆိုသည်။ လမ်းဘေးတွင်ရပ်ထားသော အိမ်စီးယာဉ်ငယ်မှာ စိန်ပန်းလမ်းရှိ မြစ်ဝကျွန်းပေါ်ဒေသသွား ကုန်ကားဂိတ်ပိုင်ရှင် တစ်ဦး၏ကားဖြစ်ကြောင်း၊ အမှုကို   သက်ဆိုင်ရာမှ  စစ်ဆေးအရေးယူနေကြောင်း  သိရသည်။

ခင်ဆိုင်

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ