အဆုတ်စွမ်းရည် မြင့်တက်စေဖို့

(၁) အသက်ရှည်ရှည်ဆွဲရှူပါ
အသက်ရှူလျှင်ရှည်ရှည်၊ ဖြည်း ဖြည်းနှင့်မှန်မှန်ရှူပါ။ အသက်ရှူထုတ်သည့်အခါ၌လည်း ဖြည်းဖြည်း နှင့်အဆုတ်အတွင်းရှိ လေများအားလုံးကုန်သွားအောင်ရှူထုတ်ပါ။ အသက်ရှူသည့်အခါ မြန်မြန်နှင့် တိမ်တိမ် ရှူခြင်းထက်ဖြည်းဖြည်းချင်း တစ်ဆုံးရှူခြင်းက အောက်စီဂျင် ပိုမို စုပ်ယူနိုင်စေသည်။

(၂) မျက်နှာသစ်ပါ
အသက်အောင့်ထားပြီး မျက်နှာသစ်ပါ။ မျက်နှာကိုရေစင်သည်နှင့် နှလုံးခုန်နှုန်းကျသည်။ နှလုံးခုန်နှုန်းကျသည်နှင့် သွေးထဲတွင်အောက်စီဂျင် ပျော်ဝင်မှုများလာပြီး အသက်များများမရှူရဘဲ အမောခံနိုင်သည်။ လူ အပါအ၀င်နို့တိုက်သတ္တ၀ါ (mammals)များ၌ ရေငုပ်သည့်အခါ အသက်အောင့်ထားသော်လည်း အောက်စီဂျင်များများကျန်စေရန် ခန္ဓာကိုယ်က နှလုံးခုန်နှုန်းကိုနှေးပစ်သည့် အာနိသင်ရရှိစေရန် အသက်အောင့်ပြီး မျက်နှာသစ်ရခြင်း ဖြစ်သည်။

(၃) ပူဖောင်းမှုတ်ပါ
အိမ်အလုပ်လုပ်နေစဉ်၊ ရုပ်မြင်သံကြားကြည့်နေစဉ်၊ လမ်းလျှောက်နေစဉ် ရာဘာပူဖောင်းမှုတ်ပါ။ ကျင့်သားရလာသည်နှင့် အဆုတ်က လေ များများရှူသွင်းနိုင်ပြီး အားပြင်းပြင်းရှူထုတ်လာနိုင်သည်ကို တွေ့ရမည်။

(၄) အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
စက္ကန့် (၂၀) ခန့်အသက်ရှူ သွင်းပါ။ (၅) စက္ကန့်ခန့် အသက်အောင့်ပါ။ ထို့နောက်စက္ကန့် (၂၀) ကြာအောင်ရှူုထုတ်ပါ။ တဖြည်းဖြည်း ပိုကြာကြာနေနိုင်အောင် လေ့ကျင့်ပါ။ ယာဉ်မောင်းနေစဉ်၊ ထိုင်နေစဉ်၊ အလုပ်လုပ်နေစဉ်၊ ကျောင်းတက်နေစဉ်၊ အနားယူနေစဉ် အကျင့်ရှိအောင် လုပ်ထားပါ။

ဇော်ကို
Ref:WikiHow

Health Updates Journal No. 98

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ