ကိုရီးယားပေါ့ပ်အဆိုတော်အဖွဲ့လေးဖွဲ့ နှင့် ဂျူမုံ လာရောက်ဖျော်ဖြေမည်

ရန်ကုန် ၊ ဇန်နဝါရီ ၃။ ။ သုဝဏ္ဏ အားကစားရုံ(၁)၌ ဖေဖော်ဝါရီ ၈ရက်တွင်ကျင်းပမည့် KMF (Korea Music Festival) ဂီတ ဖျော်ဖြေပွဲတွင် ကိုရီးယားနိုင်ငံ မှ နာမည်ကြီး K-Pop အဆို တော် များဖြစ်သော Sister, After School, ZE:A, U KISS အဖွဲ့များနှင့် Songil Guk (ဂျူ မုံ) မင်းသားတို့မှ လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရ သည်။

KMF Korea Music Festival ဂီတဖျော်ဖြေပွဲကို မြန်မာ နိုင်ငံမှ Pee paw Entertainment နှင့် ကိုရီးယားနိုင်ငံမှ DM ကုမ္ပဏီတို့မှ စီစဉ်ဆောင်ရွက် ခြင်းဖြစ်ပြီး အဆိုပါဖျော်ဖြေ မည့် နေ့တွင် ရုပ်သံအစီအစဉ်များအား MRTV-4 နှင့် Forever Group တို့မှ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

'' KMF Korea Music Festival ဂီတဖျော်ဖြေပွဲမှာ ကိုရီးယားအဆိုတော်တွေက စတိတ်ပေါ်မှာ ဆိုမှာတင်မက ဘဲ ပရိသတ်တွေကြားတွေလဲ ဝင်ရောက်ဖျော်ဖြေမယ့် အစီ အစဉ်တွေလဲ ပါပါတယ်။ ဒီပွဲ မှာ လုံခြုံရေးကို မြန်မာနိုင်ငံက လုံခြုံရေးတွေတင်မကဘဲ ကို ရီးယားက လုံခြုံရေးအဖွဲ့တွေ ပါစောင့်မှာပါ၊ လက်မှတ်တွေ ကိုတော့ ပြည်သူအားလုံးကြည့် ရှုနိုင်မယ့်ဈေးနှုန်းနဲ့ ရောင်းချ ပေးသွားမှာပါ''ဟု ဦးပီးပေါ်က ပြောသည်။

KMF Korea Music  Festival  ဂီတဖျော်ဖြေပွဲလက် မှတ်များကို ဇန်နဝါရီ တတိယ ပတ်မှစတင်၍ ရန်ကုန်မြို့ရှိဈေး ဝယ်စင်တာများတွင် ရောင်းချ ပေးသွားမည်ဖြစ်ပြီး ဇန်နဝါရီ တတိယပတ်၌ အဆိုပါပွဲအတွက် ပရိုးမိုးရှင်းပွဲသို့ ပြုလုပ်မည်ဖြစ် ပြီး ပရိုမိုးရှင်းပွဲသို့ ကိုရီးယား ရုပ်ရှင်မင်းသား ဂျူမုံ(ဆောင်အီ ဂွတ်)လည်း လာရောက်မည်ဖြစ် ကြောင်း သိရသည်။ ''ခုံတွေကို လေးတန်း၊ ငါး တန်းခွဲထားပါတယ်။ ဖေဖော် ဝါရီ၈ရက် ညနေ၅နာရီ(သို့) ရ နာရီ အဲဒီနှစ်ခုထဲက အဆင် ပြေမယ့်တစ်ခုကိုရွေးမှာပါ။ ဖျော် ဖြေချိန်က နှစ်နာရီကျော်ကြာ တင်ဆက်သွားမှာပါ။ ဒီပွဲကို လာ ရောက်မကြည့်ရှုနိုင်တဲ့သူတွေ အတွက် MRTV-4 ကနေ ပရိ သတ်တွေ ကြည့်ရှုနိုင်အောင် လဲ စီစဉ်ပေးထားပါတယ်။ လူ ငယ်တွေလာ ရောက်ကြည့်ရှုမှာ ပိုများမယ်လို့ ထင်ပါတယ်''ဟု ဦးပီးပေါ်က ထပ်မံပြောသည်။

KMF Korea Music  Festival  ဂီတဖျော်ဖြေပွဲတွင် ဖျော်ဖြေမည့် Sister နှင့် After School  မိန်းကလေးအဖွဲ့မှာ ယခုလတ်တလောတွင် ကိုရီး ယားနိုင်ငံတွင်မကဘဲ ကမ္ဘာတစ် လွှားတွင်လည်း ထင်ရှားကျော် ကြားသော မိန်းကလေးအဖွဲ့ ဖြစ်ပြီး  ZE-A အဖွဲ့မှာ ကိုရီး ယားနိုင်ငံတွင် လတ်တလော ရေပန်းစားနေသော ယောကျာ်း လေးအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ဝင် များသည် တေးသီချင်းများသာ မက ရုပ်ရှင်ဇာတ်လမ်းတွဲများ လည်း ပါဝင်သရုပ်ဆောင်နေ ကြောင်း သိရသည်။
U KISS  အဖွဲ့သည် နာမည်ကြီးသော ယောကျာ်း လေးတေးဂီတအဖွဲ့ဖြစ်ပြီး ယင်း အဖွဲ့သည် ဖေဖော်ဝါရီတွင် ဂျပန် နိုင်ငံ၌ သွားရောက်ဖျော်ဖြေ မည်ဖြစ်ပြီး ဂျပန်မှ ဖျော်ဖြေပွဲ ပြီးမှ မြန်မာနိုင်ငံသို့လာရောက် ဖျော်ဖြေမည်ဖြစ်ကြောင်း သိ ရသည်။

''ဒီပွဲက ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမို တိုးပွားလာမယ်လို့ မျှော်လင့် ပါတယ်။ ဒီပွဲမှာ K-Pop အဆို တော်တွေက သူတို့သီချင်းတွေ တင်မကဘဲ မြန်မာနိုင်ငံမှာ နာ မည်ကြီး လူကြိုက်များတဲ့ ကိုရီး ယားဇာတ်ဝင်ကားထဲက သီချင်း တွေနဲ့ ကိုရီးယား DJ -Remix  ကိုလဲ ဖျော်ဖြေပေးသွားမှာပါ။ ဒီပွဲက ကိုရီးယားမှာတောင်စု ဝေးလို့မရတဲ့အဖွဲ့တွေကို စုဝေး ထားတဲ့အတွက် တအားကို အောင်မြင်မယ်လို့ ထင်ပါတယ်'' ဟု ကိုရီးယားမှ Mr. Yoo ပြောသည်။

သက်သျှိုင်းသူ

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ