ဟောင်ကောင်နှင့် ကိုရီးယားတွင် မြန်မာဒီဇိုင်နာများ၏ ဒီဇိုင်းများပြသမည်

ပန်းမြတ်ဇော်

ရန်ကုန်၊ ဇန်န၀ါရီ ၈

Hong Kong Fashion Week 2014 နှင့် Asia New Star Model Contest 2014 (Korea) များတွင် မြန်မာနိုင်ငံမှ ဒီဇိုင်နာများသည် ကိုယ်ပိုင်ဒီဇိုင်းများဖြင့် သွားရောက်ပြသမည် ဖြစ်သည်။ Hong Kong Fashion Week 2014 ပြပွဲကို ဇန်န၀ါရီ ၁၂ ရက်တွင် ဟောင်ကောင်၌လည်းကောင်း ဇန်န၀ါရီ ၁၄ ရက် တွင် ကိုရီးယားနိုင်ငံရှိ Asia New Star Model Contest 2014 (Korea)၌လည်းကောင်း သွားရောက်ပြသ ကြမည် ဖြစ်သည်။

၎င်းဒီဇိုင်းပြပွဲဖြစ်သည့် Hong Kong Fashion Week 2014 ပွဲကို ဟောင်ကောင်တွင် ဇန်န၀ါရီ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဇန်န၀ါရီ ၁၃ ရက် တွင် ဒီဇိုင်နာကောင်းမြတ်နှင့် သက်နှင်းအေး တို့၏ ဒီဇိုင်းများကို ပြသမည်ဖြစ်သည်။ ယင်းအပြင် ဇန်န၀ါရီ ၁၄ ရက်တွင် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ၏ဒီဇိုင်းကို ပြသသွားဖြစ်ကြောင်း ဒီဇိုင်နာမိုးကုတ်ပေါက်ပေါက်က မဇ္ဈိမသို့ ပြောသည်။

“ံHong Kong Fashion Week ဖိတ်စာရတယ်ဆိုတော့ အရမ်းဝမ်းသာမိတယ်။ ဒီပွဲက ကြားဖူးတာက တော့ ဒီဇိုင်နာတွေ အရည်အချင်းရှိရင် ရှိသလို အားပေးခံရမယ်။ အရည်အသွေးမရှိရင်လဲ ချက်ချင်း ထပြန်သွားကြတာဆိုတော့ အန်တီပေါက်တို့ဘက်က သေချာပြင်ဆင်ထားရတယ်”ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံက ဒီဇိုင်နာများသည် ဟောင်ကောင်တွင် ဒီဇိုင်းများ သွားရောက်ပြသခြင်းသည် ယခုနှစ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ကိုရီးယားနိုင်ငံရှိ Asia New Star Model Contest 2014(Korea) ပွဲတွင် ပြသ ခြင်းသည် ဒုတိယအကြိမ် ဖိတ်ကြားခြင်းခံရခြင်းကြောင့် သွားရောက်ပြသကြမည် ဖြစ်သည်။

အဆိုပါပြပွဲတွင် သွားရောက်ပြသကြမည့် ဒီဇိုင်းများသည် မြန်မာ့ရှေးဟောင်း ရွှေချည်ထိုးကို အခြေခံ သည့်ဒီဇိုင်းများ၊ ခေတ်မီနည်းပညာဖြင့် ပြုလုပ်ထားသည့် ဒီဇိုင်းများထဲက အကောင်းဆုံးများကို ရွေးချယ် စုစည်းပြီး ကော်ပီများမဖြစ်စေရန် မူရင်းဒီဇိုင်းများဖြစ်သည့် အ၀တ်အစားသုံးစုံဖြင့် သွားရောက်ပြသကြ မည်ဖြစ်သည်။

Hong Kong Fashion Week 2014 ကို မြန်မာနိုင်ငံက ဒီဇိုင်နာများဖြစ်ကြသည့် ဒီဇိုင်နာမိုးကုတ်ပေါက် ပေါက်၊ ဒီဇိုင်နာသက်နှင်းအေး၊ ဒီဇိုင်နာကောင်းမြတ်တို့၏ ကိုယ်ပိုင်ဒီဇိုင်းများကို သွားရောက်ပြသကြ မည်ဖြစ်ပြီး Asia New Star Model Contest 2014 (Korea) ပွဲတွင် ဒီဇိုင်နာမပုံ့၏ ဒီဇိုင်းများကို သွား ရောက် ပြသမည်ဖြစ်သည်။Asia New Star Model Contest 2014 (Korea) တွင် ဒီဇိုင်နာမိုးကုတ် ပေါက်ပေါက် သွားရောက် ပြသခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။

ယင်းဒီဇိုင်းပြပွဲများတွင် ပုဂံဆေးရေး ပန်းချီကျောက်စာ စာလုံးများ၊ မြန်မာချိတ် ဒီဇိုင်းများ၊ မော်ဒန်ဆန် ဆန်ဒီဇိုင်းများဖြင့် ဆန်းသစ်တီထွင်ထားသည့်ဝတ်စုံများကို ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Mizzima - News in Burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ