လေးစားခဲ့ရတဲ့ ဒါရိုက်တာဖြစ်လို့ ရုပ်ရှင်ကားကြီးကို လက်ခံခဲ့တာပါ ဆိုတဲ့ ခင်ဝင့်ဝါ

ကမ္ဘာ့အလှမယ် စာရင်းဝင် ခင်ဝင့်ဝါသည် အနုပညာ လမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းလာခဲ့ရာ ဗီဒီယို ဇာတ်လမ်းများ၌သာမက ယခုအခါတွင် ရုပ်ရှင် ဇာတ်ကားကြီးထဲတွင် စတင်ပါဝင် သရုပ်ဆောင်ခဲ့ရာ ဇာတ်လမ်း မသိသေးခင်ကပင် သူမငယ်ငယ်က လေးစားခဲ့ရသော ဒါရိုက်တာ တစ်ဦးက ရိုက်ကူးမည် ဆိုသောကြောင့် ရုပ်ရှင် ဇာတ်ကားကြီးကို လက်ခံခဲ့ပါသည်ဟု ပြောကြားခဲ့သည်။

''ဆရာဦးစိုးမိုးက ညီမငယ်ငယ် ကတည်းက အားကျလေးစား ခဲ့ရတဲ့ ဒါရိုက်တာ တစ်ဦးပါ။ ဆရာ့ဘက်ကနေ သမီးကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့အတွက် ပြောကတည်းက ဝမ်းသာခဲ့ရတယ်။ ဆရာကပေးတဲ့ ဇာတ်လမ်းကို မကြည့်ခင် ဆရာက ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ရုပ်ရှင်ကားကြီးလဲ ဖြစ်တဲ့အတွက် လက်ခံခဲ့တာပါ။ ညီမအနေနဲ့က သရုပ်ဆောင်ရမယ့် ကာရိုက်တာတွေကို သေသေချာချာ လေ့ကျင့်ရမှာပါ။ စီနီယာတွေ ဘယ်လို သရုပ်ဆောင်လဲ ဆိုတာကိုလဲ လေ့လာရမှာပါ'' ဟု ခင်ဝင့်ဝါက ပြောသည်။
သူမအနေဖြင့် ရုပ်ရှင်ဇာတ်ကားကြီး အတွက် ပြင်ဆင်မှုများကိုလည်း ''ဗီဒီယိုနဲ့ ရုပ်ရှင်ကားဆိုတာကတော့ မတူဘူးပေါ့။ ဗီဒီယိုက အိမ်က တီဗွီမှာပဲမြင်ရတာ၊ ရုပ်ရှင်ကား ဆိုတာပိတ်ကားပေါ်မှာ မျက်နှာကို အသေးစိတ် မြင်ရတယ်။ပိုပြီးတော့ စိတ်လှုပ်ရှားဖို့လဲ ကောင်းတယ်။ ပိုပြီးတော့လဲ အားစိုက်ပြီး ပြင်ဆင်ထားပါတယ်။ ဒီဇာတ်ကားကြီးကလည်း သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ဖြစ်တော့ ကိုယ်တာဝန်ယူရမယ့် ကာရိုက်တာပိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်ဖို့အတွက် အများကြီး ကြိုးစား သွားမှာပါ'' ဟု သူမက ပြောပြ ခဲ့သည်။ ။

Sunday Journal


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ