Fast and Furious စတား မင်းသား ပေါလ်ဝေါ့ကာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန်

Fast and Furious စတား မင်းသား ပေါလ်ဝေါ့ကာ ယာဉ်တိုက်မှုကြောင့် ကွယ်လွန် ပေါလ်သည် သူငယ်ချင်းတစ်ဦး မောင်းနှင်သည့် ကားတွင် လိုက်ပါလာခြင်းဖြစ်ပြီး ကားတိုက်မှုအတွင်း ၎င်းတို့နှစ်ဦးလုံး သေဆုံးခဲ့

နာမည်ကြီး Fast and Furious ဇာတ်ကားများတွင် ပါဝင်သော မင်းသား ပေါလ်ဝေါ့ကာသည် စနေနေ့က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအတွင်း ကွယ်လွန်သွားကြောင်း ၎င်း၏ လူထုဆက်ဆံရေးမှူးက Facebook တွင် ပြောကြားသည်။ Fast and Furious စတား ပေါလ်သည် ၎င်း တည်ထောင်ထားသည့် အကူအညီပေးရေး အဖွဲ့အစည်း Reach Out Worldwide ၏ ရန်ပုံငွေအခမ်းအနားသို့ သွားရောက်စဉ် ကားမတော်တဆမှု ဖြစ်ပွားခဲ့ပြီး ကွယ်လွန်သွားကြောင်း ပေါ်၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ပေါလ်သည် သူငယ်ချင်းတစ်ဦး မောင်းနှင်သည့် ကားတွင် လိုက်ပါလာခြင်းဖြစ်ပြီး ကားတိုက်မှုအတွင်း ၎င်းတို့နှစ်ဦးလုံး သေဆုံးခဲ့သည်။ ကားတိုက်မှုကြောင့် ပေါလ် ကွယ်လွန်သွားသည့် သတင်းမှာ မယုံကြည်နိုင်စရာနှင့် ထိတ်လန့်ဝမ်းနည်းစရာပင်ဖြစ်ကြောင်း ၎င်း၏ လူထူဆက်ဆံရေးကို တာဝန်ယူဆောင်ရွက်နေသည့် PW ဟု အမည်ပေးထားသည့် အဖွဲ့က ပြောကြားသည်။ ပေါလ် ကွယ်လွန်ကြောင်း သတင်းကို PW အဖွဲ့က Twitter တွင်လည်း အတည်ပြု ပြောကြားခဲ့သည်။

အမေရိကန် သတင်းဌာနများ၏ အဆိုအရ ပေါလ် လိုက်ပါလာသည့် ကားသည် လော့စ်အိန်ဂျလိစ်တွင် သစ်ပင်တစ်ပင်အား အရှိန်ပြင်းစွာ ဝင်တိုက်မိပြီးနောက် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  အသက် ၄၀ နှစ် အရွယ် ပေါလ်သည် Fast and Furious ဇာတ်ကားများတွင် လျှို့ဝှက်အေးဂျင့် ဘရိုင်ယန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် ပိုမိုအောင်မြင်ကျော်ကြားလာခဲ့သည်။ ပေါလ်သည် Fast and Furious တွင် မင်းသား ဗင်ဒီဇယ်၊ မင်းသမီး မစ်ချယ်လ် ရိုဒရီဂွက်ဇ်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ