ဘောလုံးသမားနှင့် လက်ဝှေ့သမားများ အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေပိုများ

ဘောလုံးသမားနှင့် လက်ဝှေ့သမားများ အယ်လ်ဇိုင်းမား ဖြစ်နိုင်ခြေပိုများ ဘောလုံးကို အကြိမ်ပေါင်း မြောက်မြားစွာ ခေါင်းတိုက်ရခြင်းနှင့် ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်ခံရခြင်းများသည် ရေရှည်တွင် အယ်လ်ဇိုင်းမား ဖြစ်နိုင်မည့် တွန်းအားများ ဖြစ်လာကြောင်း ပညာရှင်များက ဆိုသည်။
ဦးခေါင်းကို ထိခိုက်မှု များပြားသည့် ဘောလုံးသမားများနှင့် လက်ဝှေ့သမားများသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာကြောင်း သုတေသီများက ပြောကြားခဲ့သည်။ ဘောလုံးကို အကြိမ်ပေါင်း မြောက်မြားစွာ ခေါင်းတိုက်ရခြင်းနှင့် ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်ခံရခြင်းများသည် ရေရှည်တွင် အယ်လ်ဇိုင်းမား ဖြစ်နိုင်မည့် တွန်းအားများ ဖြစ်လာကြောင်း ပညာရှင်များက ဆိုသည်။ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဦးခေါင်းကို ထိခိုက်ခြင်းများသည် ဦးနှောက်အတွင်းရှိ ပရိုတင်းဓာတ်များ၏ ပုံမှန် လုပ်ငန်းဆောင်တာများကို ဖောက်ပြန် လမ်းလွဲသွားစေတတ်သည်။ အကျိုးဆက်အနေဖြင့် ရေရှည်တွင် အယ်လ်ဇိုင်းမား ဖြစ်ပေါ်စေရန် ဦးတည်သွားခြင်းဟု သိရသည်။

ပညာရှင်များက ဦးခေါင်းကို မကြာခဏ ပြင်းထန်သော ထိခိုက်သက်ရောက်မှုများ ရှိခြင်းသည် အယ်လ်ဇိုင်းမားရောဂါ တိုးပွားဖြစ်တည်မှုနှင့် ဆက်စပ်သည်ဟု ယူဆနိုင်လောက်သည့် အခြေအနေများကို ခြေရာခံမိထားကြောင်း ပြောကြားခဲ့သည်။ ကင်းဘရစ်ဂ်ျ တက္ကသိုလ်မှ သုတေသီများသည် အယ်လ်ဇိုင်းမား အစပြု ဖြစ်တည်ရာ အကြောင်းတရားများကို စူးစမ်းရင်း ဦးနှောက်တွင်းရှိ ပရိုတင်းများ လုပ်ငန်းဆောင်တာ ပျက်ယွင်းခြင်းသည် အဓိက အချက်တစ်ခုအဖြစ် ကောက်နုတ်ခဲ့သည်။ ယင်းအခြေအနေသည် ဦးခေါင်းတွင် သဘာဝမကျသည့် ထိခိုက်လှုပ်ခတ်မှု အများအပြား သက်ရောက်ခြင်း၏ အကျိုးသက်ရောက်မှု တစ်ခုလည်း ဖြစ်သည်။

ယခုလေ့လာမှုတွင် ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သော ဒေါက်တာဆိုင်မွန် ရစ်ဒ်လီက "အဆင့်မြင့် နည်းပညာတွေကို ဒီသုတေသန လုပ်ငန်းမှာ ထည့်သွင်း အသုံးပြုခဲ့ပါတယ်။ အဓိကကတော့ အယ်လ်ဇိုင်းမားရောဂါနဲ့ စပ်လျဉ်းပြီး မော်လီကျူး အသေးစားလေးတွေ တစ်ခုချင်းစီရဲ့ ဖြစ်ပျက်ပြောင်းလဲပုံကအစ စောင့်ကြည့်ဖို့ပါ"ဟု ဆိုသည်။ ၎င်းက "ပရိုတင်းတွေ အာရုံကြောတွေထဲမှာ ဘယ်လိုပျံ့နှံ့တယ် ဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။ ကုသမှု နည်းလမ်းသစ်ကို ချဉ်းကပ်ဖို့အတွက် အနုစိတ် ဆဲလ်လှုပ်ရှားမှုတွေကို လေ့လာခဲ့တာပါ။ ကျွန်တော်တို့ အနေနဲ့ ခေါင်းမှာ ဒဏ်ဖြစ်တာကြောင့် အယ်လ်ဇိုင်းမား ဖြစ်နိုင်တယ်လို့ မပြောလိုပါဘူး။ ဒါပေမဲ့ ဆင့်ပွားရိုက်ခတ်မှုတွေက အယ်လ်ဇိုင်းမား ဖြစ်လာဖို့ တွန်းအားပေးတယ်ဆိုတဲ့ အချက်ကိုတော့ သဘောတူထားကြပါတယ်"ဟုလည်း ပြောကြားသွားသည်။ ယခုတွေ့ရှိချက်သည် ဆဲလ်များ၏ လှုပ်ရှားပြောင်းလဲပုံ ကဏ္ဍတွင်သာ အခြေခံထားပြီး အယ်လ်ဇိုင်းမား၏ တစ်ခုတည်းသော ဖြစ်နိုင်ခြေ ရင်းမြစ်ဟု မယူဆနိုင်ကြောင်းလည်း သုတေသီများက ရှင်းလင်းထားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ