Cherry QQ ကားများကြောင့်တက္ကစီစလစ်များ ဈေးနှုန်းကျဆင်း

Cherry QQကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်တက္ကစီ စလစ်ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ဆန်းပိုင်းက Cherry QQ ကားများကို အပ်နှံခွင့်ပေးလိုက်ပြီး နောက်ပိုင်းထိုကားများ၏ ဈေးကွက်မှာ မြင့်တက်သွားခဲ့ပြီး ကကြီးတန်းကားများမှာ ဈေးနှုန်းများကျဆင်းသွားခဲ့သည်။ အလားတူ တက္ကစီစလစ်ဈေးကွက်၌ QQ ကားများပါဝင်လာခြင်းကြောင့် လည်းအငှားယာဉ်စလစ်ဈေးများလည်း ကျဆင်းသွားခဲ့သည်။

ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သောစလစ်ဈေးကွက်နှင့်ပတ်သက်၍ကားဝယ်/ရောင်းတစ်ဦးက “လဆန်းပိုင်း လောက်က Cherry QQ တွေကို အပ်နှံခွင့်ပေးတယ်ဆိုတာ အတိအကျမသိကြသေးတဲ့အတွက် စလစ်ဈေးအလှုပ်အခတ်မဖြစ်ခဲ့ပါဘူး၊ ဒါပေမဲ့ Cherry QQ တွေကို တရားဝင်အပ်နှံခွင့်ပြုတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာပြီး နောက်ပိုင်းမှာတော့ တက္ကစီစလစ်ဈေးကွက် ကမောက်ကမ ဖြစ်သွားခဲ့ပါတယ်၊ အရင်ကသိန်းငါးဆယ်ဝန်းကျင်မှာရှိတဲ့ Cherry QQ ကားတွေကသိန်း ခြောက်ဆယ်နားကပ်သွားပြီး ၆၈သိန်းဝန်းကျင်မှာရှိတဲ့ ကကြီးတန်းကားတွေက ၆၃သိန်းနားကပ်သွားခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ Cherry QQ ကားတွေဘယ်လောက်ထိအပ်နှံကြမလဲဆိုတာမသိသေးတဲ့အတွက် တက္ကစီစလစ်ဈေးကခန့်မှန်းလို့မရ ဖြစ်နေပါတယ်” ဟုဆိုခဲ့သည်။
Cherry QQ ကားများအပ်နှံခွင့်ပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပေါ်ခဲ့သော တက္ကစီစလစ်ဈေးများမှာ Cherry QQ ကားသည် ၆၁သိန်းဝန်းကျင်၊ ကကြီးတန်းကားသည် ၆၃သိန်းဝန်းကျင်နှင့် အမည်ပေါက်တက္ကစီစလစ် တစ်စောင်သည် ကျပ် ၆၈သိန်း ၀န်းကျင် ပေါက်ဈေး ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Automobile Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ