လင်းယံရဲ့ ညီ၊မိုးဟေကိုရဲ့ မောင်လေးလင်းအိမ်သစ် (ခ) ဖုန်းမြင့်ကျော် အတွက်အလွမ်းစာ

“ကျွန်တော်တို့ရဲ့ အချစ်ဆုံးညီလေး၊ မိုးဟေကို ၏ အချစ်ဆုံးမောင်လေး ဖုန်းမြင့်ကျော် သည် ( ၆-၁၂-၂၀၁၃ )ရက်နေ့ နံက် ၃း၃၀ အချိန်တွင်
၎င်း မောင်းနှင်သောကား အတိုက်ခံရပြီး ရန်ကုန်ဆေးရုံကြီးတွင်တင်
ထားစဉ် ( ၇-၁၂-၂၀၁၃ ) ရက်နေ့ နံက်၃း၄၀ အချိန် ကျွန်တော်မျက်စိ
ရှေ့တွင်ကွယ်လွန်သွားခဲ့ပြီး ( ၉-၁၂-၂၀၁၃ ) ရက်နေ့တွင် ရေဝေး
သုသာန်၌ သဂြိုလ်မည်ဖြစ်ပါသည်။ ”ဟုအဆိုတော်လင်းယံရဲ့ 
ဖေ့ဘုတ်စာမျက်နှာမှာဖေါ်ပြလာပါသည်။
“ကိုဖုန်း သည် `လင်းအိမ်သစ် ´အမည်ဖြင့် ကျွန်တော့် DVD တွင်
သီချင်း ၂ပုဒ် .. ဥာဏ်လင်းအောင် ၏VCDနှင့် သူငယ်ချင်း သော်ဒီ
၏ `မလွမ်းတော့ဘူး ´ DVD တွင် ၁ ပုဒ်သရုပ်ဆောင်ပေးခဲ့ပါသည်။
ညီလေး ကိုဆုံးရှုံးသွားရတာဟာ ကျွန်တော်တို့မိသားစုအတွက် ကြီးမားသောဆုံးရှုံးမှုကြီးဖြစ်ပါသည်။”ဟုလည်းကောင်း“အကို့ရဲ့ နှလုံးသားတွေကြေမွသွား
သလိုများစွာခံစားရပါတယ် ညီလေးရယ် ..
ညီလေး ထွက်ခွာသွားတာအရမ်းစောလွန်းပါတယ် .. နောက်ဘဝ ဆက်တိုင်းလဲ အခုလိုအဖြစ်ဆိုးမျိုးနဲ့ ဘယ်တော့မှ မကြုံတွေ့ပါစေနဲ့ ညီလေးရေ ..ညီလေး အကိုတို့ကို အပြီးပိုင် နှုတ်ဆက်သွားပေမဲ့ အကိုတို့တစ်မိသားစုလုံးကတော့ တစ်သက်လုံး အမြဲသတိရနေမှာပါ ..အကိုအခု အရမ်းစိတ်ထိခိုက်ခံစားနေရတယ် အရမ်းလဲငိုနေရတယ် တရားသဘောကိုနားလည်ပေမဲ့ဘယ်လိုမှ ဖြေလို့မရဘူး ညီလေးရယ်.. ညီလေးအသက်ရှင်ဘို့အတွက် အကိုတို့အားလုံးအစွမ်းကုန်ကြိုးစားခဲ့တာ ညီလေးသိပါစေ ..စိတ်ထားအရမ်းကောင်းတဲ့ငါ့ညီလေး ကောင်းရာမွန်ရာရောက်ပါစေလို့ အကိုတို့အမြဲဆုတောင်းပေးနေပါတယ် ”“ညီလေးက ကျတော်ကို တက်တူးထိုးမှာလုံးဝမကြိုက်ဘူးလေ အမြဲတားနေတာ အခုတော့ ညီလေးခွင့်ပြုပေးပါ အကိုညီလေးရဲ့ နာမည်နဲ့ ညီလေးလူ့လောက ကနေထွက်သွားတဲ့နေ့လေးကို အကိုလက်မှာတက်တူး ထိုးပါရစေ ညီလေးရယ်နော် ..သူ သတိမမေ့ခင်နောက်ဆုံးပြောသွားခဲ့တယ် ဖေဖေ ,မေမေ , ကိုကို နဲ့ မမ သူကို့ခွင့်လွှတ်ပါတဲ့ .. ခွင့်လွှတ်ပါတယ် ညီလေးရေ အမြဲခွင့်လွှတ်ပါတယ် .. ထာဝရချစ်ဆုံး ညီလေး ”ဟုကြေကွဲဖွယ်ရေသားထားပါသည်။

credit-အဆိုတော်လင်းယံ၏ဖေ့ဘုတ်မှ

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ