ကချင်ပြည်နယ် ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက် ဧရာဝတီမြစ် ဆိပ်ကမ်း၌
ဆိုက်ကပ်ရပ်နား ထားသော မနောဇေယျာ မန္တလာ ခရီးသည် ပို့ဆောင်ရေး ရေ ယာဉ်
အသင်းမှ ရွှေကံမြင့်သူနှင့် ငွေကြယ်စင် ရှပ်ပြေးရေယာဉ် နှစ်စင်း ယမန်နေ့
မွန်းလွဲ ၁ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးလောင်ရာသို့ ခရိုင်မီးသတ် ဦးစီးမှူးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၂၅
ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ဝ ဦး၊ သန္ဓေမီးသတ် ယာဉ်လေးစီး၊ အရန်မီးသတ်
တပ်ဖွဲ့ယာဉ် ကိုးစီး ရောက်ရှိလာပြီး ပြည်သူများ ဖြင့်
ဝိုင်းဝန်းငြှိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးငြှိမ်းသတ်နိုင်ခဲ့
သည်။ မီးလောင်မှုကြောင့် ငွေ ကျပ် ၃၅ သိန်းကျော် ဆုံးရှုံးကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအုပ် ထွန်းထွန်းဝင်းက တရားလိုပြုလုပ်
တိုင်တန်းခဲ့ရာ မြို့မရဲစခန်းမှ (ပ) ၂၇၁/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့်
စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြ၀တီ
ရှပ်ပြေးရေယာဉ် နှစ်စင်း မီးလောင်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin