ငပလီကမ်းခြေရှိသဲများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းစားနေဟုဆို

ရန်ကုန် ဒီဇင်ဘာ ၂၂

ငပလီကမ်းခြေတွင် သဲဖြူများ ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရောင်းစားနေကြောင်း၊နောက်ပိုင်းတွင် ငပလီကမ်းခြေမှာ ပျက်စီးသွားနိုင် ကြောင်း ငပလီဟိုတယ်ဇုန်တာဝန် ရှိသူတစ်ဦးက ပြောသည်။

ယခုလို ရောင်းစားနေသည် ဆိုခြင်းနှင့်ပတ်သက်၍ ''ရပ်ကွက် အုပ်ချုပ်ရေးမှူးကနေ ခန့်ထားတဲ့ လူတွေရှိတယ်။ အဲဒီလူတွေက သဲတွေကို တစ်စီးယူရင် ဘယ် လောက်ဆိုပြီး ရောင်းစားနေတယ်။ အဲဒါကို လမ်းဖောက်လုပ်ရေး လုပ် တာမှာ သုံးတယ်ပြောတယ်။ အဲဒါ အခုမှလုပ်တာပါ။ ဟိုတယ်ပဲဆောက် ဆောက်၊ အိမ်တွေ၊ အဆောက် အအုံတွေဆောက်ဆောက်၊ ဒီမှာ ပဲယူလုပ်တယ်။ အဲဒါကိုယူပြီး မရောင်းတော့ဖို့ ဇုန်အနေနဲ့တား တယ်၊ ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးကလဲ တား တယ်။ တာဝန်ရှိသူတွေလဲတား တယ်''ဟု ငပလီဇုန်မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုလက်ရှိ ငပလီကမ်းခြေမှ သဲဖြူများကို ယခုလို ရောင်း စားမှုကြောင့်ကမ်းခြေတွင်ကျောက် များသာရှိတော့ကြောင်း၊ သဲဖြူ များလုံးဝမရှိတော့ကြောင်း၊ ထိုသို့ ပြုလုပ်မှုကြောင့် ဟိုတယ်ဇုန်အနေ
ဖြင့်နိုင်ငံတော်သမ္မတနှင့်ဝန်ကြီးများ ထံတင်ပြထားကြောင်းသိရသည်။

''အခုကမ်းခြေဆိုရေတွေလှိုင်း တွေ ဘယ်လောက်တိုက်တိုက် သဲ တွေမကျန်တော့ဘူး၊တင်စရာလဲ မရှိတော့ဘူး။တင်ဖို့အတွက် ကျောက် တွေပဲရှိတယ်။ နောက်ပိုင်းငပလီ ကမ်းခြေဆိုတာကြီး ကပျက်စီးသွား မယ်။ ပြီးတော့ သဲတွေမယူတော့ ဖို့ အထက်ကို တင်ပြထားတယ်။ ဒါပေမယ့်လစ်ရင်လစ်သလိုရောင်း ချကြတယ်။ အခုလမ်းဖောက်လုပ် ဖို့ဆိုပြီး ယူနေတုန်းပါပဲ''ဟု ငပလီ ဟိုတယ်ဇုန်မှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောကြားသည်။

လားခူ - The Union Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ