ရဲတိုက်အမှု ခံပြသက်သေမလာသောကြောင့် ရုံးချိန်းသုံးခုပျက်

မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ရဲ့အမှု
အတွက် ခံပြသက်သေများကို ရုံးတင်စစ်ဆေးလျက်ရှိရာ ရဲတိုက်ဘက်မှ သက်သေထွက်ဆိုပေး
မည့်သူများ တရားရုံးသို့ ရောက်မလာသောကြောင့် ရုံးချိန်းပျက်ကွက်မှု သုံးခုရှိခဲ့ပြီဖြစ်ကြောင်း
ကျောက်တံခါးရဲစခန်းမှ ရဲအရာရှိတစ်ဦးက မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

"ကျွန်တော်တို့က ခံပြသက်သေဘယ်သူ့ကိုထုတ်မယ်ဆိုတာကို မသိရပါဘူး။ တရားရုံးရောက်မှ
သိရတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နဲ့ ၂၆ ရက်နေ့ ခံပြသက်သေကို စစ်ဆေးမယ့်ရုံးချိန်းမှာ
လည်း တရားခံဘက်မှထွက်ဆိုပေးမယ့် သက်သေတွေရောက်မလာတဲ့အတွက် ရုံးချိန်ပျက်
သွားပါတယ်"လို့ သူကပြောပြပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့တရားရုံးချိန်းမှာလည်း တရားခံဘက်မှထွက်ဆိုပေးမယ့် သက်သေမရောက်
လာသောကြောင့် ရုံးချိန်းထပ်မံပျက်သွားခဲ့ပြီး နောက်တစ်ကြိမ်ရုံးချိန်းကိုတော့ ဒီဇင်ဘာ ၁၃ ရက်
နေ့ ပြန်လည်စစ်ဆေးမယ်လို့သိရပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ အမှုကို ယခုနှစ်မကုန်ခင် မပြီး
သတ်ဖို့များတယ်လို့ သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို ကျောက်တံခါးရဲစခန်းမှ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လက်ဝယ်တွေ့ရှိမှု ပုဒ်မ
၁၅/၁၆(ဂ) ဖြင့်ဆရာဝန်၏ ဆေးစစ်ပြန်ကြား စာမရခင် တရားစွဲဆိုခဲ့ရာ ဆီးစစ်ဆေးမှု အဖြေရပြီး
နောက် ပုဒ်မ ၁၆ (ဂ) တစ်မှုတည်းဖြင့်သာ တရားစွဲဆိုထားကြောင်းကျောက်တံခါးရဲစခန်းမှ
ရဲအရာရှိကဆိုပါတယ်။

ဒီလို အမှုမျိုးအတွက် ပြစ်ဒဏ်ဟာ ထောင်ဒဏ် အနည်းဆုံးငါးနှစ်မှ ဆယ်နှစ်အထိရှိကြေင်း
သိရပါတယ်။

အိအိသူ - မြန်မာတိုင်း(မ်)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ