ယာဉ်လိုင်းအမှတ် ၂၅၂မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အုတ်တံတိုင်းအား ၀င်တိုက်မိသဖြင့်(၁)ဦးသေ(၁)ဦးဒဏ်ရာရ


အရှေ့ပိုင်းခရိုင်ခရီးသည်တင်ယာဉ်လိုင်းအမှတ် ၂၅၂မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအုတ်တံတိုင်းအား ၀င်တိုက်မိသဖြင့်(၁)ဦးသေ(၁)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

၆.၁၂.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်တွင် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်း အတိုင်း မြောက်မှတောင်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော ယာဉ်အမှတ် ဆ/၉၇၉ဟီနိုးဘီအမ်ဖြူပြာမီးခိုးရောင်၊ အရှေ့ပိုင်းခရိုင် ခရီးသည်တင်ယာဉ်လိုင်းအမှတ် (၂၅၂)သည် မွန်မြတ်မေတ္တာအိမ်ရာ ရှေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာလက်ဘေး အုတ်တံတိုင်းအားဝင်တိုက်ရာ ၎င်းယာဉ်ပေါ်ပါ အမည်၊ နေရပ်လိပ်စာ (စုံစမ်းဆဲ)၊ အသက် (၃၅)နှစ်ခန့် အမျိုးသမီးတစ်ဦးသည် ယာဉ်ရှေ့လေကာမှန်မှကျော်ထွက်လွင့်စင်ကာ ယာဉ်၏ဦးခေါင်းပိုင်းနှင့် အုတ်တံတိုင်းကြားညှပ်ကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ခရီးသည် ဦးစံသာ (ဘ)ဦးထွန်းအောင်၊ ကြီးပွားရေးမြောက်ပိုင်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူတွင် ရင်ဘတ်အောင့်၊ ၀ဲဒူးပွန်းစုတ်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ်ကုသရပြီး ယာဉ်မောင်းမှာ ယာဉ်အားထား၍ ထွက်ပြေးသွားသဖြင့် တာမွေမြို့မရဲစခန်းယာဉ်(ပ)၅၅/၂၀၁၃၊
ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က/၂၀၂ဖြင့် အမှုဖွင့်ထားရှိကာ တရားခံအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ