အနုပညာအလုပ်ဆိုတာ လွယ်မယောင်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်ပါလို့ ဆိုလိုက်တဲ့ မော်ဒယ်လ် ၊ သရုပ်ဆောင်မေမြင့်မိုရ်

MRTV-4 ရဲ့The Sign Of Love 3 မှာကျောင်းဆရာမလေးအဖြစ် သရုပ်ဆောင်ခဲ့ရာကနေ ပရိသတ် တွေရဲ့အသိအမှတ် ပြုခြင်းကိုခံခဲ့ရတဲ့ မော်ဒယ်လ် ၊ သရုပ်ဆောင် မေမြင့်မိုရ် ကိုသူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ အတူအနုပညာပေါ်မှာထားတဲ့စိတ်သဘောထား၊အမြင် နဲ့ပတ်သက် ပြီးမေးမြန်း ဖြစ်ခဲ့တာကတော့ ‘မေမြင့်မိုရ် အခုလတ်တလော မှာတော့MRTV-4 မှာထုတ်လွှင့် ပြသနေတဲ့ ပန်းနုသွေးဆိုတဲ့ ဇာတ်ကားရှိတယ်။ ပြီးတော့ ပန်းနုသွေး Season 2 ကိုထပ်ရိုက်ဖို့ရှိပါတယ်။ နောက်ပြီး ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးသွားဖို့ရှိပါတယ်။ ပြီးရင်MTVတွေရိုက်ဖို့ ရှိပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ် ကာဗာတွေ နဲ့ ဓာတ်ပုံတွေလည်းရိုက်ဖို့ ရှိပါသေးတယ်။ ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီးလက်ခံ ဖြစ်တာကတော့ ကိုယ်နဲ့ လိုက်ဖက်မယ့် ကာရိုက်တာ ဖြစ်ရမယ်။ ကိုယ့်အတွက်လည်း လုပ်ကွက်ရမယ်ဆိုရင် လက်ခံဖြစ်တယ်။ မေမြင့်မိုရ် ဇာတ်ရုပ်ပေါင်းစုံ ရိုက်ကြည့်ချင်ပါသေးတယ်။ မေမြင့်မိုရ်ကတော့ ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုကြောင့် အခုလိုအချိန်တိုအတွင်းမှာ ပရိသတ် အသိအမှတ် ပြုခြင်းခံရတာလို့ထင်ပါတယ်။  ပြီးတော့ မေမြင့်မိုရ်က အရင်ကတည်းက အမြဲတမ်းဘုရား၊ တရားကိုလည်းယုံယုံ ကြည်ကြည် နဲ့ကိုးကွယ်ဖြစ်တယ် ဆိုတော့ ဘုရား၊ တရားလုပ်ခြင်းရဲ့အကျိုးလို့ ထင်မိပါတယ်။ အနုပညာဆိုတာ အင်မတန်မှအနုစိတ်တယ် လို့ပြောရမယ်။ ပြီးတော့ အင်မတန် ခက်ခဲ ကြမ်းတမ်းတယ် လို့လဲ မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကြည့်လိုက်ရင်တော့လွယ်တယ် ထင်ရပေမဲ့ တကယ်တမ်းလုပ်ကြည့် လိုက်ရင် မလွယ်ဘူးဆိုတာကိုသိသွားလို့ပါ။ မေမြင့်မိုရ် ရှေ့ဆက်ပြီးအနုပညာလမ်းကြောင်းပေါ်မှာပရိသတ် အသိအမှတ် ပြုပြီးလက်ခံအားပေး တဲ့သရုပ်ဆောင် ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ’လို့ သူမက ပြောပြသွားခဲ့ပါတယ်။

စန္ဒီ
Trend Myanmar


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ