သူပြောတဲ့ သူ့အကြောင်း


► ဘဝမှာ အပျော်ရွှင်ဆုံးအချိန်

မိုင်လေးက အခု ဘဝတစ် လျှောက်လုံးကို ပျော်ရွှင်စွာနဲ့ ဖြတ် သန်းခဲ့ရတာပါ။ မိုင်လေး ကံကောင်း တယ်လို့ ပြောရမှာပေါ့နော်။ ဒီမိဘ တွေနဲ့ နေနေရတဲ့အတွက် မိုင်လေး က အမြဲပျော်ရွှင်နေပါတယ်။

► မိုင်လေးရဲ့ မိဘအပေါ်ထားတဲ့ သဘောထား

မိဘကို စိတ်ဆင်းရဲအောင် လုပ်ရင် အဲဒီစိတ်ဆင်းရဲမှုရဲ့ အကုသိုလ်အကျိုးကို ခံစားရမယ်။ မိဘစိတ်ချမ်းသာအောင် ထားတဲ့လူ ဆိုရင် မိဘကို စိတ်ချမ်းသာအောင် ထားတဲ့ ကုသိုလ်ကောင်းမှုအကျိုးကို ခံစားရလိမ့်မယ်လို့ ယုံကြည်ထား တယ်။ အဲဒါကြောင့်လည်း မိဘနဲ့ အဆင်ပြေအောင် နေတယ်။ မိဘ စကားကို နားထောင်တယ်။

► သည်းမခံပေးနိုင်တဲ့လုပ်ရပ်

ကိုယ်ကတော့ အတတ်နိုင်ဆုံး သည်းခံပေးပါတယ်။ ကိုယ့်ကို မခံမရပ်နိုင်အောင်၊ မခံချင်အောင် ပြောလာမှသာ သည်းမခံနိုင်တာတွေ ရှိတယ်။ တစ်ခါတလေမှာတော့ ကိုယ်မသိချင်ယောင်ဆောင်လိုက် ရတာတွေလည်း ရှိတယ်။ ကိုယ်က ချည်းပဲ ဒေါသရှိနေလို့၊ စိတ်ရှိနေလို့ မရဘူးလေ။ သည်းမခံပေးနိုင်တဲ့ အခြေအနေဖြစ် လာရင်ေ တာင် အဲဒီ ဒေါသစိတ်တွေက စိတ်ထဲမှာပဲ ဖြစ် လိုက်ရတယ်။ အပြင်ကို မရောက် လိုက်ဘူးပေါ့နော်။

► ပရိသတ်နဲ့ တစ်သားတည်းဖြစ်သွားခဲ့တဲ့ အောင်မြင်မှု

ကိုအောင်လရေးပေးထားတဲ့ ‘အလွမ်းသင့်ပန်းချီ’ သီချင်းလေးပါ။ အဲဒီသီချင်းကို ပရိသတ်တွေတော် တော် ကြိုက်ကြတယ်။ အခုပုံရိပ်လေး များအခွေမှာပါတဲ့ မေမေ့ရဲ့ ‘မလွမ်း ပို’ သီချင်း၊ ကိုယုန်လေးရေးပေးထားတဲ့ good night သီချင်းလေးတွေကိုလည်း ပရိသတ်တွေ ကြိုက်ကြပါတယ်။ နောက်ပြီးတော့ ကိုအောင်လ ရေးပေးထားတဲ့ ‘သံစဉ်မဲ့သီချင်း’ ဆိုတဲ့ သီချင်းအသစ်လေးကို ကျောင်းပွဲမှာစမ်းဆိုကြည့်တာ စင်အောက်က ပရိသတ်တွေက အဲဒီသီချင်းအသစ်လေးကို ရနေကြတယ်။ အဲဒီအတွက် လည်း အရမ်းဝမ်းသာမိပါတယ်။

► ရတနာမိုင်ရဲ့ အနုပညာခံယူချက်

အနုပညာဆိုတာ မိုင်လေးဘဝ အတွက် အရမ်းအရေးပါပါတယ်။ အနုပညာကို တတ်နိုင်သမျှ၊ လုပ်နိုင်သမျှ လုပ်နိုင်တဲ့အချိန်အထိ လုပ်သွားမှာပါ။

► ရတနာမိုင်ရဲ့ ဂီတအပေါ်ရူးသွပ်မှု

ပထမစလုပ်တုန်းက စိတ်ကူးယဉ်မိတာကတော့ နာမည်ကြီးအဆိုတော်တွေဆိုတဲ့အချိန်မှာ အားပေးနေတာတွေ့ရင် ‘ငါအလှည့်ကျရင်လည်း အဲဒီလိုအားပေးရင်ကောင်း မှာပဲ’ လို့ စိတ်ကူးယဉ်မိတယ်။ အခန်းထဲမှာ တစ်ယောက်တည်း လေ့ကျင့်ခဲ့ရတာတွေ ရှိတယ်။ အဲဒီ လိုရူးသွပ်ခဲ့တာပေါ့နော်။ ‘အသစ်ကြိုက်သူများ’ အခွေထဲမှာ ‘အဝေးထွက်သွားသူ’ သီချင်းလေးကို စဆိုခဲ့တယ်။ ပရိသတ်တချို့တစ်ဝက်ကတော့ သတိထားမိခဲ့ပါတယ်။ အဲဒါကိုတော့ပျော်တယ်။ ကိုယ့်ကြိုးစားမှု ရလဒ်လေးပေါ့နော်။

► ကိုယ်ရှာဖွေထားတဲ့ ငွေကြေးတွေကို ဒီလိုနေရာတွေမှာ များများသုံးဖြစ်တယ်

မိုင်လေးပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက် ပိုက်ဆံတစ်ရွက်မှမရှိဘူး (ရယ်လျက်) အကုန်လုံး အမေကိုအပ်တယ်။ မုန့်စားချင်မှ အမေဆီက မုန့်ဖိုးပြန်တောင်းဖြစ် တယ်။ ငွေကြေးအားလုံးကိုတော့ အမေကပဲ စီမံခန့်ခွဲပါတယ်။ စားသင့်တာစား၊ လှူသင့်တာလှူတာပေါ့နော်။

► ရတနာမိုင်နဲ့ ပရဟိတအပေါ် အမြင်

ပရဟိတအလုပ်လေးတွေ တော့ လုပ်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေထဲက အဆင်မပြေရင်လည်း အကူအညီပေးတယ်။ မွေးနေ့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စိတ်ထဲမှာ အရမ်းလှူချင်လို့ပဲဖြစ်ဖြစ် မိဘမဲ့ဂေဟာမှာ သွားလှူဖြစ်တယ်။ လမ်းဘေးခွေးလေးတွေကိုလည်း တွေ့ရင်အစာကျွေးတတ်တယ်။ တတ်နိုင်သမျှ လွဴျဖစ္တာေ လးေ တြ တော့ ရှိတာပေါ့နော်။

► ဘဝမှာ အကြည်ညိုဆုံး စံပြပုဂ္ဂိုလ်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမေ၊ အဖေပါ။

► ဂီတနဲ့ပတ်သက်ပြီး ရတနာမိုင်ရဲ့လေ့လာမှုပုံစံ

ဘယ်သူတွေ အခွေအသစ်ထွက်လဲဆိုပြီး အမြဲနားစွင့်နေတယ်။ ပြည်တွင်းကပဲဖြစ်ဖြစ်၊ ပြည်ပက ဖြစ်ဖြစ် အခွေအသစ်ထွက်ရင် ဝယ်နားထောင်တယ်၊ လေ့လာတယ်။

► ရတနာမိုင်ကြိုက်နှစ်သက်တဲ့ ဖက်ရှင်

မိုင်လေးက လူကြီးဖြစ်လာပြီ ဆိုတော့ smart ပုံစံလေးတွေ ဝတ်ချင်တယ် (ရယ်လျက်)။ ပရိသတ်တွေကျတော့ မိုင်လေးကို cute ပုံစံ နဲ့ ပိုကြိုက်ကြတယ်လေ။ အခု ဝတ်နေကြတဲ့ ပုံစံလေးတွေ ဝတ်ချင်တယ်။ ဒါပေမဲ့ မိုင်လေးပုံစံနဲ့ သိပ်မလိုက်ဘူးဖြစ်နေတာပေါ့နော်။ ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးတွေကို အရမ်းသဘောကျတယ်။
မိုင်လေးကတော့ ရိုးရိုးရှင်းရှင်းပုံစံ လေးတွေပဲ ဝတ်ဖြစ်နေတယ်။

► ရတနာမိုင်ရဲ့ အနုပညာလှုပ်ရှားမှု

‘ပျော်ပြီးရင်းပျော်’ ဆိုတဲ့ ဇာတ်ကားကို ရိုက်ပြီးသွားပြီ။ ဒါရိုက်တာ ဦးသီဟတင်သန်း ရိုက်တာပါ။ ယုန်လေး၊ ဆူဇီ၊ ကြက်ဖ၊ Super Model အဖွဲ့ထဲက ပန်းအိ၊ မဂွမ်းပုံ၊ ကိုခင်လှိုင်တို့ပါပါတယ်။ နောက်ထပ်ကားတွေ ကမ်းလှမ်းလာ ရင်လည်း ရိုက်ဖို့ရှိပါတယ်။ ကမ်း လှမ်းထားတာလေးတွေလည်း ရှိပါ တယ်။ ‘ပုံရိပ်များ’ အခွေကို MTV စရိုက်ဖို့ ရှိပါတယ်။ မိုင်လေးနဲ့ ခင်တဲ့ အစ်ကို၊ အစ်မတွေနဲ့ ကူညီပြီး ရိုက်ဖို့ပြောထားတာ ရှိပါတယ်။ ဒီနှစ်ကုန်လောက်မှာ ‘ပုံရိပ်များ’ VCD ကို ဖြန့်နိုင်ဖို့ ရည်ရွယ် ထားပါ တယ်။

ပရိသတ်ကြီးလည်း အားပေးကြပါဦးလို့ ပြောချင်ပါ တယ်။

သီတာစိုး
Yati Magazine

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ