မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲ ဗန်းကိုင်ခွင့်ရရှိသူများ၏ ရင်တွင်းစကားသံ

ပန်းမြတ်ဇော် - Mizzima - News in Burmese

မေမြင့်မိုရ်
အသက် (၁၈) နှစ်


အရမ်းပျော်ရွှင်မိပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ငယ်ငယ်လေးကတည်းက အိပ်မက်ဖြစ်ခဲ့တာပါ။ ရွေး ချယ်ခံရတဲ့အတွက် ၀မ်းသာမိပါတယ်။ ကိုယ်က အနုပညာအလုပ်လုပ်မယ်ဆိုရင် အကယ်ဒမီဗန်းလဲကိုင် ချင်တာကြောင့် ၀င်ရောက်လျှောက်ဖြစ်ခဲ့တာပါ။ ပရိသတ်တွေက အခုဆိုပိုသိလာတဲ့အတွက် အနုပညာ အလုပ်ကို ပရိသတ်အားပေးတဲ့အထိ အစွမ်းကုန်လုပ်သွားမှာပါ။


လမင်းအိနြေ္ဒ (ခ) ရွှေယမင်းအေး
အသက် (၁၉)နှစ်

ငယ်ငယ်ကတည်းက အကယ်ဒမီ ဗန်းကိုင် ဖြစ်ချင်ခဲ့တာ။ အမြဲတမ်း တီဗီမှာ ကြည့်တယ်။  ဗန်းကိုင်ခွင့်ရချင်တယ်လို့ အမြဲတမ်းစိတ်ကူးမိပါတယ်။ ဗန်းကိုင် ဖြစ်ဖို့အတွက် စလျှောက်တာ နှစ်နှစ်ရှိပါပြီ။ ဒီ ၂ဝ၁၃ မှာလဲ အားမလျှောဘဲ့ရဖို့အတွက်ြကိုးစားခဲ့တာပါ။ ၂ဝ၁ဝ- ၂ဝ၁၁ စပြီး သရုပ်ဆောင်ဘက်ကို ကူးတယ။် ဒါရိုက်တာဗန်းကြီးနဲ့ ဗီဒီယိုဇာတ်ကားစရိုက်တယ်။ အခု မလေးရှား ဒါရိုက်တာ ရိုက်ထားတဲ့ 'မဟာဆန်တဲ့ မဟာမျက်နှာဖုံး' ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အရင်က လမင်းအိနြေ္ဒကို သိချင်မှသိမယ်။ ဒါပေမ့ဲအခုဆို ၂၀၁၂ ခုနှစ်အတွက် ဗန်းကိုင်မှာ လမင်းအိနြေ္ဒ  ပါသွားပြီ ဖြစ်တဲ့အတွက် အနုပညာရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားသွားမှာပါ။


အင်ကြင်းထူး
အသက် (၁၉)နှစ်


စိတ်ဝင်စားလို့ မနှစ်ကတည်းက ပြိုင်မယ်ဆိုပြီး လုပ်ထားပေမယ့် မပြိုင်ဖြစ်ခဲ့ဘူး။ ဒီနှစ်မှဝင်ပြိုင်ဖြစ်ခဲ့တာ ပါ။ ဒီမတိုင်ခင် ပြိုင်ပွဲတွေ၊ ရှိုးပွဲတွေတော့ လျှောက်ဖူးပါတယ်။ ဒီပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက်ဒီပွဲအကြောင်း တွေလေ့လာမယ်။ အရင်နှစ်က ဘယ်လိုလုပ်လဲဆိုတာတွေကို ညီမအနေနဲ့ ပြန်လေ့လာသွားဖို့ စဉ်းစား ထားပါတယ်။ အနုပညာအလုပ် တွေလဲ ဆက်လက်လုပ်ဆောင်သွားမှာပါ။



ဆောင်းဝတ်ရည်မေ
အသက် (၁၈) နှစ်


အကယ်ဒမီဗန်းကိုင်ဆိုတာ ညီမ ငယ်ငယ်လေးကတည်းက ဖြစ်ချင်ခဲ့တဲ့ အရာတစ်ခုပါ။ အခုချိန်မှာ ညီမ ကလဲ အသက်ပြည့်သွားပြီဖြစ်လို့ ၀င်ပြိုင်ဖြစ်ခဲ့တာပါ။ အတိုင်းမသိ ပျော်ရွှင်မိပါတယ်။ ဖြစ်ချင်တဲ့အိပ်မက် တစ်ခုက အကောင်အထည်ဖော်သွားပြီဖြစ်တဲ့အတွက် ပြောမပြတတ်အောင် ၀မ်းသာမိပါတယ်။ MRTV-4 ကလွှင့်တဲ့ Jh "The Sing Of Love season 2" မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ လဲ ကရင်ပြည်နယ်မှာ ဇာတ်ကားရိုက်ကူးဖို့ရှိပါတယ်။


ရှင်ဝေနိုင်ဦး
အသက် (၁၉)နှစ်


အရမ်းဝမ်းသာပါတယ်။ အချောဆုံး၊ အလှဆုံးတွေ ရွေးတဲ့အထဲမှာ ပါတဲ့အတွက် အတိုင်းမသိဝမ်းသာမိ တယ်။ အစကတော့မသိဘူး။ သတင်းစာထဲမှာ ကြေညာတာတွေ့တော့ ၀ါသနာပါတာနဲ့ လျှောက်ဖြစ် သွားတာပါ။ အကယ်ဒမီ ဆုပေးပွဲမှာ အကောင်းဆုံးလုပ်သွားမှာပါ။ အနုပညာအနေနဲ့ ကျောင်းပွဲတွေမှာပဲ ပါဖူးပါတယ်။


ခိုင်ဇင်သင်း(ခ) ပန်းရောင် (ခ) ပုံ့ပုံ
အသက် (၁၉)နှစ်


အခုမှ အနုပညာလမ်းကြောင်းကို ပထမဆုံးဝင်လျှောက်တာပါ။ ဒီအနုပညာလမ်းကြောင်းက ညီမရဲ့ ပထမဆုံးပွဲ အတွေ့အကြုံလဲဖြစ်တယ်။ ပထမဆုံးပွဲမှာ ရွေးခံရတဲ့အတွက် ၀မ်းသာမိပါတယ်။ အရင်က တည်းက အကယ်ဒမီ ဗန်းကိုင်ဖြစ်ချင်ခဲ့တယ်။ အရမ်းလဲလှကြတယ်။ နိုင်ငံတော်ပွဲအတွက်လဲ လုပ်ကြတဲ့ အတွက် အရမ်းဖြစ်ချင်ခဲ့တယ်။ ပထမ ဆုံးအနေနဲ့ ဒီပွဲကို ၀င်လျှောက်မယ်ဆိုပြီး လျှောက်ဖြစ်ခဲ့တာပါ။ အ ကောင်းဆုံး ကြိုးစားသွားမှာပါ။ သမီးတို့အတွက် နောက်ပိုင်းမှာ အနုပညာအလုပ်တွေ အများကြီးလုပ်ခွင့် ရလာမယ်လို့ ယုံကြည်ပါတယ်။ ဗန်းကိုင်ကနေပြီး အနုပညာလောကထဲမှာ အောင်မြင်နေကြတဲ့သူတွေ အများကြီးပါပဲ။ သမီးလည်း အဲဒီလိုဖြစ် အောင်လုပ်သွားမှာပါ။


နှင်းဆီဝိုင် (ခ) ခိုင်စံဝေကျော်
အသက် (၁၉)နှစ်


အကယ်ဒမီပွဲအတွက် ဆုဗန်းကိုင်အဖြစ် သတင်းစာထဲမှာ လျှောက်လွှာခေါ်တာတွေ့တော့ ကိုယ်ကလဲ ၀ါသနာပါတယ်။ ကိုယ့်မိဘကို ပြောကြည့်တော့လဲ အားပေးတဲ့အတွက် လျှောက်လွှာတင်ဖြစ်တာပါ။ ရွေး ချယ်တဲ့အခါမှာလဲအားလုံးက လှကြချောကြတဲ့အတွက် ရင်တုန်ရပါတယ်။ ကိုယ်ပါပါ့မလားဆိုတဲ့ စိုးရိမ် စိတ်တော့ဖြစ်မိတယ်။ အခုလိုရွေးချယ်ခံရတဲ့အတွက် ၀မ်းသာမိပါတယ်။ ပရိသတ်ကအားပေးရင် အနုပ ညာလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့ရှိပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ မယ်ပြိုင်ပွဲ၊ မော်ဒယ်ပြိုင်ပွဲ တွေဝင်ပြိုင်ဖြစ်ခဲ့တယ်။ ရုပ်ရှင်ကားတစ်ကားလဲ ရိုက်ဖူးပါတယ်။ 2012 Model Faces rSm second runner မှာ ဆုရရှိခဲ့ပြီး miss christmas မှာတော့ Best Body Award ဆုရရှိခဲ့ပါတယ်။ “ကျွန်တော်တို့ လဲတာဝန်ရှိပါသည်” ဇာတ်ကားမှာ မင်းသားနေဒွေးနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။



မေစူးနိုင်း
အသက် (၁၉)နှစ်


ငယ်ငယ်လေးကတည်းက ၀ါသနာ ပါတယ်။ ရန်ကုန်ရောက်နေချိန် ၀င်လျှောက်ဖြစ်ခဲ့တာပါ။ အခုလို ရွေးချယ် ခံရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါ တယ်။ အနုပညာလှုပ်ရှားခဲ့တာ ဘာမှမရှိပါဘူး။ ဒီပွဲက ပထမဆုံးပါပဲ။ အခွင့် အရေးပေးရင်တော့ အနုပညာအလုပ်တွေ လုပ်သွားမှာပါ။ သမီးတို့အတွက်အိပ် မက်တစ်ခုလိုပါပဲ။ ဒီလိုအခွင့်အရေး ရဖို့အတွက် မမျှော်လင့်မိပါဘူး။ လာ လျှောက်ကြတဲ့သူတွေ အများ ကြီးထဲမှာမှ အခုလိုရွေးချယ်ခြင်းခံရတာက ထီဆု ကြီးပေါက်သလိုပါပဲ။


အကယ်ဒမီဗန်းကိုင်များကို ပံ့ပိုးကူညီကြမည့်သူများ


ယခုနှစ်တွင် အကယ်ဒမီဗန်းကိုင်များအတွက် အ၀တ်အစားဒီဇိုင်းကို ဒီဇိုင်နာ မျိုးမင်းစိုးက ချုပ်ပေးမည်ဖြစ် ပြီး ဖိနပ်ကို ဆင်ကိုးကောင်က တာဝန်ယူမည်ဖြစ်သည်။ ယင်းအပြင် မိတ်ကပ်ကို တော်ဝင်သူကတာဝန် ယူပေးမည်ဖြစ်ကာ လက်ဝတ်ရတနာကို စိန်နန်းတော်က တာဝန်ယူလုပ်ဆောင်မည်ဖြစ်သည်။


Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ