ကိုယ်လုပ်တဲ့ အလုပ်နဲ့ ပတ်သက်တာ မှန်သမျှ အကောင်းဆုံး ဖြစ်အောင် လေ့လာတယ်

ကိုယ်လုပ်တဲ့ အလုပ်နဲ့ ပတ်သက်တာ မှန်သမျှ အကောင်းဆုံး ဖြစ်အောင် လေ့လာတယ်ဇွန်သံစဉ် သူကလည်း The Face of Myanmar ပြိုင်ပွဲမှာ Title ဆုရခဲ့သူ တစ်ဦးဖြစ်ပါတယ်။ သူလည်း သဒ္ဒါမာရီယာနဲ့ အတူ ကို ရီးယားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ သူက အမျိုးသား ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်က ကျောင်းသူ တစ်ဦးလည်းဖြစ်ပြီး ရုပ် ရှင်နဲ့ပြ ဇာတ်မေဂျာကျောင်းသူ တစ် ဦးလည်းဖြစ် ပါတယ်။ သရုပ်ဆောင် ပိုင်းအတွက် သင်ကြားပေး တာဆို တော့ သူ့ရဲ့မော်ဒယ်လ် လုပ်ငန်းအ တွက် အများကြီး အထောက်အကူ ပြုတယ်လို့ ဆိုထားပါတယ်။

Q. ဘာကြောင့် အမျိုးသား ယဉ်ကျေးမှုအနုပညာတက္ကသိုလ်ကို ရွေးချယ်ဖြစ် တာလဲ။

A. ညီမ သရုပ်ဆောင် အလုပ် ကိုစိတ်ဝင်စားတယ်။ သရုပ်ဆောင် လောကထဲကို ဝင်ဖို့ ဒီကျောင်းတက် တဲ့အတွက်လမ်းစရမယ် ထင်လို့ ရွေး ချယ်လိုက် တာပါ။

Q. Face of Myanmar ပြိုင် ဖြစ်တဲ့စိတ်ကူး...

A. ဒီပွဲက ညီမ ၂ဝ၁၂ခုနှစ် ကတည်းကပြိုင်ချင်ပေမယ့် မပြိုင်ခဲ့ ရဘူး။ ခရီးထွက်နေတာကြောင့်ပါ။ အဲဒီမှာ ကိုထွန်းကိုကိုရပြီး ကိုရီး ယားမှာသွားပြိုင်တာတွေမြင်ရတဲ့အ ခါ ဒီနှစ်ပြိုင်ချင်စိတ်တွေပိုဖြစ် လာတယ်။

Q. ကိုရီးယားမှာပြိုင်ဖို့အ တွက်ရော ဘာတွေပြင်ဆင်ထားပြီး ပြီလဲ။

A. ကိုရီးယားသွားဖို့အတွက် ကတော့ Talent, Catwalk, Knowledge ပိုင်းတွေပြင်ဆင်နေ ပါတယ်။ မြန်မာအကကပြဖို့လေ့ ကျင့်နေတယ်။

Q. ဇွန်သံစဉ်က ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိတဲ့ သူပုံပေါ်တယ် နော်။

A. ညီမငယ်ငယ်ကတည်းက အေးအေးဆေးဆေးနေတတ်တာ များတယ်။ ဒီအလုပ်ကိုစိတ်ဝင်စား တယ်။ ယုံကြည်မှုရှိဖို့အတွက် ညီမ က ကိုယ်လုပ်တဲ့အလုပ်နဲ့ပတ်သက် တဲ့အရာမှန်သမျှ ငါဘယ်လိုအ ကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆို တာလေ့လာတယ်။

Q. ညီမလေးရဲ့အကြိုက်ဆုံး အရောင်ကရော...

A. ညီမ အရောင်တွေထဲမှာ အကြိုက်ဆုံးက အဝါရောင်။ ကိုယ့် အတွက် Lucky Colour လို့ထင် တယ်။

Q. Modelling နဲ့ပတ်သက် တဲ့အမှတ်တရ...

A. ညီမတို့ပထမဆုံးစပြီးပွဲ လျှောက်ခိုင်းတာ ဆရာမမြရွှေဝါပါ။ Traders မှာလျှောက်ရတာ။ ညီမ သင်တန်းလည်း မတက်ထားဘူး။ စလျှောက်တဲ့ ပွဲတုန်းက လမ်းလျှောက် တာအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ ဖူးတယ်။

Q. လာမယ့်နှစ် Miss Universe ပွဲ ဝင်ပြိုင်ဖြစ်မှာလား။

A. ညီမ ဒီနှစ်ကတည်းကဝင် ပြိုင်တာ အသက်မပြည့်လို့ဝင်ပြိုင် ခွင့်မရခဲ့ဘူး။ ရှေ့နှစ်မှာပြိုင်ဖို့အစီ အစဉ်ရှိပါတယ်။

Q. အဲဒီအတွက်ပြင်ဆင်မှုက ရော...

A. ပြိုင်ပွဲ အတွက်ပြင်ဆင်စ ရာတွေက အများကြီးပဲ။ ညီမဆို Social ပိုင်းက အစ သေချာဂရု စိုက်ရမှာ၊ ညီမက တစ်ယောက် တည်းအေးအေး ဆေးဆေးနေတာ ကြိုက်တယ်။ ဒါပေမဲ့ ခုလူတွေ အားလုံးနဲ့ သဟဇာ တဖြစ်အောင်နေ တတ်ဖို့လေ့ကျင့် နေသလို မြန်မာနိုင်ငံ ကိုယ်စားပြု ရတာဖြစ်တဲ့ အတွက် Knowledge ပိုင်းကအစ သေချာ လေ့လာနေ ပါတယ်။

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ