ရီဟန်းနားနှင့် အမ်မီနမ်တို့ သီဆိုထားသည့် The Monster တေးသီချင်း ဗြိတိန်၏ လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် နံပါတ်တစ် နေရာရရ

ကမ္ဘာကျော် အဆိုတော် ရီဟန်းနား ပါဝင်သီဆို ပေးထားသော အမ်မီနမ်၏ The Monster တေးသီချင်းသည် နှစ်ပေါင်း ခုနစ်နှစ်ကျော် အတွင်း ဗြိတိန်နိုင်ငံ၏ လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် ခုနစ်ကြိမ် ဆက်တိုက် နံပါတ်တစ်နေရာကို ရရှိခဲ့ကြောင်း သိရသည်။

ရီဟန်းနားနှင့် ရက်ပ်အဆိုတော် အမ်မီနမ်၏ The Monster တေးသီချင်းသည် လူကြိုက်များ လျက်ရှိသော One Direction အဖွဲ့၏ Story of My life တေးသီချင်းဖြင့် အားပြိုင်ခဲ့ပြီးနောက် နံပါတ်တစ် နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ The Monster တေးသီချင်းသည် ၂ဝဝ၆ ခုနှစ်က တည်းက ပရိသတ်များ၏ အထူးအားပေးမှုကို ရရှိခဲ့သော တေးသီချင်း တစ်ပုဒ်ဖြစ်သည်။ The Monster တေးသီချင်း အပြင် ရီဟန်းနားနှင့် အမ်မီနမ်တို့ သီဆိုထားသည့် love the way you lie တေးသီချင်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ဗြိတိန် လူကြိုက်အများဆုံး တေးသီချင်း စာရင်း၌ နံပါတ်နှစ် နေရာကို ရရှိခဲ့ဖူးကြောင်း သိရသည်။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ