ဘာစီလိုနာ၏စံချိန်ကို လိုက်မီရန် ဂွါဒီယိုလာဆန္ဒပြင်းပြနေ

ဂွါဒီယိုလာက အင်္ဂါနေ့တွင် ကစားမည့် ဗစ်တိုးရီးယားပါလ်ဇန်နှင့်ပွဲတွင်
အနိုင်ရယူ၍ ဘာစီလိုနာ၏ချန်ပီယံလိဂ်(၉)ပွဲဆက် နိုင်ပွဲစံချိန်ကို
လိုက်မီရန် ဆန္ဒပြင်းပြနေကြောင်း ၀န်ခံပြောကြားလိုက်သည်။

ဘိုင်ယန်မြူးနစ်သည် ချက်တွင် ဗစ်တိုးရီးယားပါလ်ဇန်ကို အနိုင်ရရှိပါက
(၂၀၀၂-၀၃)ဘောလုံးရာသီက ဘာစီလိုနာအအသင်း တင်ထားခဲ့သည့်
ချန်ပီယံလိဂ်(၉)ပွဲဆက်အနိုင်ရရှိသည့်စံချိန်ကို လိုက်မီမည်ဖြစ်သည်။
သို့ရာတွင် ဂွါဒီယိုလာက အိမ်ကွင်းတွင် ကစားခဲ့သည့်ပွဲတွင် ပါလ်ဇန်ကို
(၅-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ယခုပွဲစဉ်ကို အပြည့်အဝ
အာရုံစိုက်ကြရန် သတိပေးသွားသည်။

ဂွါဒီယိုလာက``ပြိုင်ဘက်တိုင်းဟာ ဒီပြိုင်ပွဲမှာ အတွေ့အကြုံရှိတာကြောင့်
ချန်ပီယံလိဂ်မှာ ပွဲတိုင်းက အန္တရာယ်ရှိပါတယ်။ ပါလ်ဇန်ဟာ ပြီးခဲ့တဲ့အပတ်က
လိဂ်ပွဲစဉ်မှာ (၆-၁)နဲ့အနိုင်ရခဲ့ပါတယ်။ ခြေစွမ်းအရမ်းကောင်းပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ဟာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မယ့်
အခွင့်အရေးရှိနေတာကို တွေ့ရပါတယ်။ စံချိန်တစ်ခုကို ချိုးဖို့ဆိုတာ
စိန်ခေါ်မှုတစ်ခုပါ။ လူတိုင်း အမြဲတမ်းကြိုးစားနေကြတာပါ။ ဒီစံချိန်ကို
ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွင်းထဲသို့
ရောက်တဲ့အချိန်မှာ ဒါကို မေ့ထားရပါမယ်။ ဒီအချက်က ကျွန်တော်တို့က
စိတ်ဓာတ်အနည်းငယ်တက်ကြွစေပါတယ်။ ဒါအချက်က ကျွန်တော့်စိတ်ထဲ
မှာလည်း အနည်းငယ်နေရာယူနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့
ပွဲကိုပဲ အာရုံအပြည့်အ၀စိုက်ရပါမယ်´´ဟု ပြောကြားခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ချန်ပီယံလိဂ်နှင့်ဘွန်ဒက်စ်လီဂါတို့တွင် ဇယားထိပ်ဆုံး
တွင် ရပ်တည်လျက်ရှိသည့်အသင်းဖြစ်ပြီး ယခုပွဲတွင် အနိုင်ရရှိပါက
နောက်တစ်ဆင့်တက်ရန် သေချာသွားပြီဖြစ်သည်။

Goal Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ