အာဂျင်တီးနား နိုင်ငံမှ ကမ္ဘာ့အန္တရာယ် အကြီးမားဆုံးနှင့် အထူးခြားဆုံးသော တိရစ္ဆာန် ဥယျာဉ်ကြီး Lujan Zoo

အာဂျင်တီးနား နိုင်ငံမှာရှိတဲ့ Controversial Zoo ကို လာရောက် လည်ပတ်တဲ့သူတွေက ကမ္ဘာပေါ်က အန္တရာယ်အများဆုံး အသားစား တိရစ္ဆာန်တချို့နဲ့ အလွန်နီးကပ်စွာ ထိတွေ့ ကြည့်ရှုခွင့် ရပါလိမ့်မယ်။ အဲ့ဒီ တိရစ္ဆာန်ရုံ ကတော့ အာဂျင်တီးနားနိုင်ငံ ဗြူနိုအေ့စ်မြို့မှာရှိပြီး Lujan Zoo လို့ခေါ်ပါတယ်။ အဲ့ဒီ တိရစ္ဆာန်ရုံထဲကို အလည်အပတ် သွားတဲ့သူတိုင်း လမ်းမ လျှောက်ချင်ရင် ခြင်္သေ့စီးပြီးသွားလို့ ရပါတယ်။

ဝက်ဝံတွေကို ပွေ့ဖက်ကျီစယ် ကစားလို့ ရပါတယ်။ သစ်ကျုတ် (ကျားသစ်အမျိုးအစား) တွေကို အစာကျွေးလို့လည်း ရတယ်။ ပြီးတော့ အထဲကိုဝင်ချင်ရင် အပြင်ကနေ အမေရိကန်ဒေါ်လာ ၅ဝ ပေးပြီးတော့ လှောင်အိမ်ထဲအထိဝင်လို့လည်း ရပါတယ်။ ၎င်းတိရစ္ဆာန်တွေက ကိုယ့်ရဲ့ကျီစယ်မှု တစ်ခုခုကြောင့် ဒေါသထွက်ပြီး အစားခံ ရရင်တော့ တိရစ္ဆာန်ရုံရဲ့ တာဝန် မဟုတ်ကြောင်းကိုလည်း လှောင်အိမ်ထဲ မဝင်ခင်မှာ လက်မှတ်ထိုး ထားရပါသေးတယ်။ Lujan Zoo Bueons ရဲ့ အကွာအဝေးကတော့ အေ့စ်မြို့နဲ့ မိုင် ၅ဝ လောက် ဝေးပါတယ်။ ဝင်ကြေးကတော့ အမေရိကန်ဒေါ်လာ ၅ ဒေါ်လာ ပေးရပါတယ်။ လာလည်တဲ့ လူတွေက တိရစ္ဆာန်တွေကို ညင်သာစွာ ကိုင်တွယ်ကြပါတယ်။ တိရစ္ဆာန်တွေက သူတို့ကို ညင်သာစွာကိုင်တွယ် ကစားနေလျှင် ဘယ်လိုမှ အန္တရာယ်မပြုကြပေမဲ့ သူတို့ကို ကြမ်းတမ်းစွာ ပြုမူလာရင်တော့ တွန်းထုတ်တတ်ကြပါတယ်။ အဲ့ဒီ တိရစ္ဆာန်ရုံက လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ကာကွယ်ပေးမယ့် လုံခြုံတဲ့ စည်းကမ်း ဥပဒေတွေ များများစားစားရယ်လို့ မရှိပါဘူး။ ကမ္ဘာ့တိရစ္ဆာန်ရိုင်း ထိန်းသိမ်းရေး အဖွဲ့က အဲ့ဒီတိရစ္ဆာန်ရုံကို ဝေဖန်ရှုတ်ချပြီး လူတွေကိုမသွားဖို့ တားမြစ်ထားပါတယ်။ ဒါပေမဲ့ လူတွေက နေ့စဉ် စိတ်ဝင်စားမှု များလာပြီး လည်ပတ်သူများနဲ့ ပြည့်နှက်နေခဲ့ ပါတယ်။ တိရစ္ဆာန်ရုံကို ရောက်တာ နဲ့ မိဘတွေက သူတို့ကလေးတွေ ကိုတောင် ခြင်္သေ့လှောင်အိမ်ထဲ ပေးဝင်တတ်ကြတယ်။ အသက်ကို ရန်ရှာနိုင်တဲ့ တိရစ္ဆာန်တွေကို ပွတ် သပ်ကိုင်တွယ်ခွင့် ပေးထားကြ တယ်။ ကမ္ဘာ့တိရစ္ဆာန်ရိုင်း ထိန်း သိမ်းရေးအဖွဲ့က ''လူတွေအတွက် အန္တရာယ်များတဲ့၊ အသက်ကိုဒုက္ခ ပေးနိုင်တဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ မှုရှိခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး လူတွေရဲ့ အသက်ကို ကြီးမားတဲ့ အန္တရာယ်ထဲကို ကျရောက်စေနိုင်တယ်'' လို့ ဆိုပါတယ်။

ကြောင်အကြီးကြီးတွေ အကြောင်း ဗဟုသုတရှိတဲ့ သူတွေက အဲ့ဒီတိရစ္ဆာန်တွေဟာ တိရစ္ဆာန် ရိုင်းတွေဖြစ်ကြောင်း သိသာပါတယ်။ ဒါကြောင့် ကြိုပြီးခန့်မှန်းလို့ မရဘူးဆိုတာ သဘောပေါက်မှာပါ။ တခြားသော တိရစ္ဆာန်တွေဟာလည်း သူတို့ရဲ့ အစာအတွက် မလုံလောက်တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လာရောက်လည်ပတ်တဲ့ သူတွေကို အန္တရာယ်ပြုလာနိုင် တယ်ဆိုတာ သိသင့်ပါတယ်'' လို့ ဆိုပါတယ်။

ဘယ်လိုပဲ အန္တရာယ်ရှိပါတယ် လို့ ပြောနေကြပေမဲ့ လာရောက် လည်ပတ်နေကြတဲ့ မိသားစုတွေ ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမို များလာပြီး တိရစ္ဆာန်များနဲ့ နီးကပ် ရင်းနှီးခွင့်ရတဲ့အတွက် အတော်လေးကို စိတ်ဝင်တစား ဖြစ်နေကြပါတယ်။

ကဲအားလုံးပဲ အာဂျင်တီးနားကို ရောက်ရင်ဖြင့် ရောက်နေတဲ့သူတွေ ပဲဖြစ်ဖြစ် Lujan Zoo ကို သွားလည်ဖြစ်အောင် သွားလည်လိုက် ကြပါနော်။ မကြောက်ကြပါနဲ့။ ဒါပေမဲ့ ဝင်ကြေးက ၅ ဒေါ်လာထဲပါ။ လှောင်အိမ်ထဲထိဝင်မယ်၊ တိရစ္ဆာန်တွေကို ကိုင်တွယ်မယ် ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၅ဝ ထပ်ပေး ရပါလိမ့်မယ် လို့ ပြောလိုက်ပါရစေ။

မြ၀တီ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ