လူငယ်နှစ်ဦး အကြွေးတောင်းရာမှ စကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

၁၁.၁၁.၂၀၁၃ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၁)၊ ဦးရွှေမြူးလမ်းနှင့် ကနောင်မင်းသားကြီးလမ်းပေါ်တွင် လှိုင်သာယာမြို့နယ်နေသူများဖြစ်သော သော်ဇင်(ခ)သော်ဇင်လှိုင် (ဘ)ဦးလှိုင်မောင်နှင့် ဇင်မောင်မောင် (ဘ)ဦးစောနိုင်တို့သည် အကြွေးတောင်းသည့်ကိစ္စဖြင့် စကားများရန်ဖြစ်စဉ်သော်ဇင်(ခ) သော်ဇင်လှိုင်မှ ဇင်မောင်မောင်အား မီးဖိုချောင်သုံးစတီးဓါးဖြင့်ထိုး၍ ဇင်မောင်မောင်တွင် ၀ဲ/ယာရင်အုံထိုးသွင်းဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ဓါးဖြင့်ထိုးသူ သော်ဇင်(ခ)သော်ဇင်လှိုင်အား လှိုင်သာယာမြို့မရဲစခန်း (ပ)၁၂၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေး ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူဇင်မောင်မောင်သည်အင်းစိန်ဆေးရုံ၌ဆေးကုသမှုခံယူ နေစဉ် ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ၁၄၂၀အချိန်တွင် အမှုအားပြစ်မှုပုဒ်မ ၃၂၆မှ ၃၀၂သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ