ရွှေ FM က ချီးမြှင့်တဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ် တေးပြုစာဆိုဆု ရရှိခဲ့တဲ့ နိုင်းဝမ်း

ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကို “နင်သာ ရှိရင်” သီချင်းနဲ့ ရရှိခဲ့တဲ့ ဟစ်ဟော့ပ် အဆို တော်နိုင်ဝမ်း က ဂီတလောက ကို လျှောက်လှမ်း ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလ အတွင်းမှာ ဒီဆုလေးက သူ့ဘဝရဲ့ မှတ်တိုင်တစ်ခု ဖြစ် ခဲ့ကြောင်း ပြောပါတယ်။

မိမိ ဖန်တီးလိုက်တဲ့ အနုပညာ တစ်ခုကို အသိ အမှတ် အပြုခံ လိုက်ရတဲ့ အနု ပညာသမား တစ်ယောက် ရဲ့ ရင်တွင်း ခံစားချက်ကို နိုင်းဝမ်းက “အနုပညာ သမား တစ်ယောက် အနေ နဲ့ ပြောမယ် ဆိုရင် ကိုယ်ဖန်တီးတဲ့ အနု ပညာ တစ်ခုကို ပရိ သတ်က လက်ခံတယ်၊ အားပေးတယ်။ ပြီးတော့ Public ကလည်း ကိုယ့်ကို အသိ အမှတ်ပြုတယ် ဆိုတော့ အတိုင်းမသိ ဝမ်းသာတာပေါ့။ ဒီဆုလေး ကျွန်တော် ရ လိုက်တဲ့ အချိန်က ကျွန်တော့် အတွက် အပျော်ရွှင်ဆုံး အချိန်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် သီချင်း လုပ်လာတာ ၁၁နှစ်ကျော်၊ ၁၂နှစ် ထဲ ဝင်နေပြီ။ ၂ဝဝ၂ ခုနှစ် ကတည်းက ဆိုတော့ အခုအချိန်မှာ ဒီဆုလေးကို ကျွန်တော့် အခန်း ထဲမှာ ထောင်ထား ခွင့် ရတယ်။ ငါ လုပ်ခဲ့တဲ့ အတွက် ငါခံစားရတဲ့ အရာ ဆိုပြီး အမြဲ တမ်းကျေနပ် တယ်။ ကျွန်တော့် အနုပညာ ဘဝ အတွက်တော့ မှတ်တိုင် တစ်ခုပါပဲ။ ဒါပေမဲ့ ဒီထက် အများကြီးလည်း လိုချင် သေးတယ်။ ကျွန်တော် အများကြီး လည်း ကြိုးစား သွားဦးမှာပါ” လို့ ပြောပါတယ်။

ဆုရရှိခဲ့တဲ့ “နင်သာရှိရင်” သီချင်း ကိုလည်း ရိုးရိုးရှင်းရှင်း စာသား များ နဲ့ ရေးဖွဲ့ခဲ့ပြီး ပရိသတ်တွေရဲ့ ခံစားချက်တွေကို ဆင့်ပွား ခံစားပြီးရေးဖွဲ့ခဲ့ တာဖြစ်တယ် လို့ လည်း နိုင်းဝမ်း ကပြောပါတယ် ။ အထိမ်း အမှတ်ဆု တစ်ဆုကို ရရှိသွားပြီ ဖြစ်တဲ့ နိုင်းဝမ်းက သီချင်းကောင်းပေါင်း မြောက် မြားစွာ ကိုလည်း ပိုင်ဆိုင်ထား သူဖြစ် ပါ တယ်။

တစ်ကိုယ်တော် အခွေ အတွက် သီချင်းတွေ စုရင်း အတွဲခွေမှာပဲ ဆိုဖြစ် နေတဲ့ နိုင်းဝမ်း က သူ့ရဲ့ တစ်ကိုယ်တော် အခွေ အကြောင်း ကိုလည်း “စလုံးချစ်သူ Underground မှာ စပြန့်ပြီး Main Stream ပေါ်ရောက်တော့ အတွဲခွေ လေးတွေမှာ ဆိုရင်း နဲ့ ပရိသတ် လက်ခံ လာပြီလို့ သိရတဲ့ အခါ တစ်ကိုယ်တော် အခွေ အတွက် ပြန်လုပ်နေပါပြီ။ နီနီ ခင်ဇော်နဲ့ ဆိုထားတဲ့ “အရောင်မဆိုးနဲ့” သီချင်း ဆိုလည်း တစ်ကိုယ်တော် အခွေ အတွက် လုပ်ထားတာပဲ။ ၂ဝ၁၄၊ မေလ ၁၈ ရက်နေ့ ကျွန်တော့် မွေးနေ့မှာ တစ် ကိုယ်တော် အခွေထုတ်ဖို့ ကျွန်တော် စဉ်းစားထားတယ်။ သီချင်းတွေ အများကြီး ရှိနေရင်တောင် အကောင်းဆုံး ကိုး ပုဒ်ကိုပဲ ရွေးထုတ် သွားမှာပါ”လို့ ပြော ပါတယ်။

မျိုးမောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ