ဒိတ်ဒိတ်ကြဲစိုင်းစိုင်းခမ်းလှိုင်နဲ့ ကြိုးစားနေတဲ့ အစီအစဉ်တစ်ရပ်

စိုင်းစိုင်းခမ်းလှိုင်က ‘ဒိတ်ဒိတ်ကြဲ’ ဗီစီဒီကို ရိုက်ကူးဖို့ အတွက် နိုဝင်ဘာ တစ်လလုံးဇာတ်ကားရိုက်ကူးမှု တွေကို ခဏနားထားမယ်လို့ ပြောပြပါတယ်။ သီချင်းခွေကို မျှော် နေကြတဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီးတော့လည်း ခံစားမှု ကို ပြောပြတဲ့ စိုင်းစိုင်းခမ်းလှိုင်က..

“ကျွန်တော် ‘ဒိတ်ဒိတ်ကြဲ’ သီချင်းခွေ ဗီစီဒီရိုက်နေတာ မပြီးသေးဘူးဆိုတော့ အခုနိုဝင်ဘာတစ်လလုံး ကားရိုက် နားပါမယ်။ သီချင်းတွေ ပြီးအောင် ရိုက်ပါမယ်။ တန်ဆောင်မုန်းလပြည့်နေ့အပါအဝင်ပွဲတွေလည်း တော်တော် များများရှိတော့နယ်တွေမှာ သွားဖျော်ဖြေပါမယ်။ကျွန်တော် ဒီဇင်ဘာလ ၂၉ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျွန်တော့်အခွေ ကိုဖြန့်ချိမယ်လို့ရာထားပါတယ်။ ကျွန်တော် အလုပ်တွေလုပ်ပြီးကြိုးစား တဲ့အခါတွေလည်းရှိသလို စိတ် လေနေတဲ့အခါတွေလည်း ရှိတယ်။ ကျွန်တော်လျှောက် တဲ့လမ်းမှာ မှန်တဲ့ အခါတွေလည်း ရှိတယ်။ မှားတဲ့အခါတွေလည်း ရှိတယ်။ အောင်မြင်သွားတဲ့ အနု ပညာဖန်တီးမှုတွေ ရှိသလို၊ ချို့ ယွင်းသွားတဲ့အနုပညာဖန်တီးမှု တွေလည်း ရှိတယ်။ အရာရာတိုင်း အတွက် နားလည်ခွင့်လွှတ်ပြီးတော့ ကျွန်တော့်ဘက်က ရပ်တည်ပေး တယ်။ ကျွန်တော့်ကို နှစ်သိမ့်အား ပေးတယ်။ ချီးမြှောက်ပြော ဆိုတယ်။ လက်ခုပ်တီးတယ်။ ကျွန်တော့်ဘက် က အမြဲတမ်းရှိတဲ့ ကျွန်တော့်ပရိသတ် ကို အမြဲတမ်း ဦးထိပ်ပန်ဆင်ပါတယ်” လို့ ပြောပြပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဇာတိဖြစ် တဲ့ တောင်ကြီးက အ.ထ.က(၁) ကျောင်း အာစရိယပူဇော်ပွဲကို နိုဝင် ဘာ ၉ရက်၊၁ဝရက်တွေမှာသွားရောက် ဖြစ်ခဲ့ပြီး သူငယ်ချင်းတွေ ၊ဆရာ၊ ဆရာမ တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ADMA က စီစဉ်ပြီး ထိုင်းမင်း သမီး Davika Hoorne နဲ့အတူ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့က ရုပ်ရှင် ဇာတ်ကားရိုက်ကူးဖို့အတွက် စီစဉ်နေ တာနဲ့ပတ်သက်ပြီး စိုင်း စိုင်းခမ်းလှိုင် ကို မေးကြည့်ဖြစ်တော့ “အလုပ် တစ်ခု သေသေချာချာ confirm မ ဖြစ်သေးတဲ့အချိန်မှာ ကြိုတင်ပြီး ပြောလေ့ မရှိ သေးတဲ့အတွက် ကျွန်တော်အခုလော လော ဆယ်မှာဘာမှ မဖြေနိုင်သေး တာကိုခွင့်လွှတ်ပါ။ကျွန်တော်တို့ ရိုက် ကူးဖို့ကြိုးစားနေကြ ပါတယ်ဆိုတာ လောက်တော့ကျွန်တော်ပြောနိုင်ပါ တယ်။ကျွန်တော့်ဘက် ကတော့ ဒီအစီ အစဉ်ဖြစ်လာတဲ့အတွက် ဝမ်းသာပါ တယ်။အောင်ေ အာင်မြင်မြင် ရိုက်ကူး ဖြစ်မယ်လို့လည်းမျှော်လင့်ပါတယ်” လို့ပြောပြခဲ့ ပါတယ်။

မေမွန်မောင်
Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ