မြင်းစီးပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမား ၁၆ဦး ရွေးချယ်ထား

[ ညီင်္သစ်လူ ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ]

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာမြင်းစီးအ ဖွဲ့ လက်ရွေးစင်ကစားသမား ၁၆ ဦးကိုအပြီးသတ်ရွေးချယ်ထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံမြင်း စီးအဖွဲ့ချုပ်မှ သိရသည်။အဆိုပါမြင်းစီးပြိုင်ပွဲတွင် အားကစားနည်းသုံးမျိုးထည့် သွင်းကျင်းပမည်ဖြစ်ကာ တစ် နိုင်ငံလျှင် အားကစားနည်းတစ် မျိုး၌ အားကစားသမားလေးဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်းသိရသည်။လက်ရှိတွင် မြန်မာမြင်းစီး လက်ရွေးစင်များအဖြစ် သိန်း ဝင်း၊ ကျော်ဇင်၊ နိုင်ဝင်း၊ ထွန်း ထွန်းနိုင်၊ သက်ဝေလင်း၊ နိုင်နိုင် အောင်၊ ဖြိုးမောင်မောင်ဦး၊ ကျော် မောင်၊ ကြည်မင်း၊ အောင်သူ ထွန်း၊ သန်းနိုင်အောင်၊ စောမောင်၊ ထွန်းအောင်ဖြိုး၊ အောင်ကျော်၊ ဇော်ဝေနှင့် ဝါဝါရွှေတို့ကို ရွေး ချယ်ထားသည်။

ယင်းနှင့်ပတ်သက်၍ နေ ပြည်တော်မြင်းစီးအားကစား ကွင်းတာဝန်ခံ ဦးသန်းထိုက်ဦး က ''တကယ်ပြိုင်ပွဲဝင်မယ့်ကစား သမားက ၁၂ ဦးပဲဖြစ်ပေမယ့် ကျန်တဲ့ကစားသမားလေးဦးက အရန် ကစားသမားအဖြစ် ရွေး ချယ်ထားတာပါ''ဟု ၎င်းက ပြော သည်။ဆီးဂိမ်းပြိုင်ပွဲတွင်ပါဝင် မည့် မြင်းစီးအားကစားနည်းသုံး မျိုးမှာ မြင်းအလှစီးပြိုင်ပွဲ၊ မြင်း အမြင့်ခုန်ပြိုင်ပွဲ၊ ခရီးရှည်ပြိုင် ပွဲ(ကီလိုမီတာ ၈၀)တို့ဖြစ်ပြီး ထိုင်း ဘုရင့်မြေးတော်မှာမြင်းအလှစီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။

မြန်မာနိုင်ငံမြင်းစီးအဖွဲ့ ချုပ် အတွင်းရေးမှူး ဦးသန်းဝင်း က ''မြင်းစီးအားကစားနည်းက အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီး ပဲဖြစ်ဖြစ် ဝင်ရောက်ယှဉ်ပြိုင်လို့ ရပါတယ်။ ထိုင်းဘုရင့်သမီးတော် ဆိုရင် မြင်းအလှစီးပြိုင်ပွဲ ဝင် ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မြင်းအလှစီးပြိုင်ပွဲဆိုတာ မြင်း ကိုကျွမ်းကျင်စွာစီးတတ်မှ ပြိုင် ပွဲဝင်ကြတယ်။ ဘာဖြစ်လို့လဲဆို ရင် မြင်းအလှဘယ်လိုမျိုးစီးရ မယ်ဆိုတာ ပြိုင်ပွဲမဝင်ခင် တစ် ပတ်အလိုမှသိရတာ''ဟု ၎င်းက ပြောသည်။
ဆီးဂိမ်းပြိုင်ပွဲတွင် ခရီးရှည် မြင်းစီးပြိုင်ပွဲအတွက် ထီးပုစခန်း တွင် လေ့ကျင့်သင်ကြားပေးထား သည့် မြန်မာမြင်းများကို အသုံး ပြုမည်ဖြစ်ကာ မြင်းအမြင့်ခုန်အ လှစီးနှင့် မြင်းအလှစီးပြိုင်ပွဲတို့ တွင်မူ ဩစတြေးလျနိုင်ငံမှ ဝယ် ယူလာသည့်မြင်းများကို အသုံး ပြုမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ