အော်စကာဆုရခဲ့စဉ်က မပျော်နိုင်ခဲ့သည့်အကြောင်း ကစ်ဒ်မန်း ဖွင့်ဟ

အောင်မြင်မှုအတွက် ကျေနပ်မိသော်လည်း ပုဂ္ဂိုလ်ရေးဘဝ ကျရှုံးမှုများကြောင့် ထိုစဉ်က အပြည့်အဝ မပျော်နိုင်ခဲ့ကြောင်း နစ်ကိုးလ်က ယခုအခါ ဖွင့်ဟလာခြင်း ဖြစ်သည်။

အော်စကာဆုရခဲ့စဉ်က မပျော်နိုင်ခဲ့သည့်အကြောင်း ကစ်ဒ်မန်း ဖွင့်ဟ
အော်စကာဆု ရယူနိုင်ခဲ့ဖူးသည့် ကာလများတွင် သူမအတွက် အပြည့်အဝ မပျော်နိုင်ခဲ့ကြောင်း နစ်ကိုးလ်ကစ်ဒ်မန်းက ဖွင့်ဟဝန်ခံခဲ့သည်။ ဩစတြေးလျ ရုပ်ရှင်မင်းသမီးသည် (၂၀၀၂)ခုနှစ်က The Hours ဇာတ်ကားအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် အော်စကာဆုကို ဆွတ်ခူး ရရှိခဲ့သည်။ အဆိုပါ အောင်မြင်မှုအတွက် ကျေနပ်မိသော်လည်း ပုဂ္ဂိုလ်ရေးဘဝ ကျရှုံးမှုများကြောင့် ထိုစဉ်က အပြည့်အဝ မပျော်နိုင်ခဲ့ကြောင်း နစ်ကိုးလ်က ယခုအခါ ဖွင့်ဟလာခြင်း ဖြစ်သည်။ (၂၀၀၁)ခုနှစ်က ခင်ပွန်းဟောင်း မင်းသား တွမ်ခရုစ်နှင့် ကွာရှင်းပြတ်စဲခဲ့သည့် ရိုက်ခတ်မှုများသည် သူမ၏ အော်စကာဆုအတွက် ကြည်နူးစိတ်ကို ဟန့်တားထားခဲ့ကြောင်း နစ်ကိုးလ်က ရှင်းပြခဲ့သည်။

အသက်(၄၆)နှစ် ရှိပြီဖြစ်သော ဟောလီးဝုဒ် ကြယ်ပွင့်က "အော်စကာဆုကို ရတယ်ဆိုတာ ကိုယ့်ဘဝရဲ့ အအောင်မြင်ဆုံး အခိုက်အတန့်တစ်ခု ဖြစ်ရမှာပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မရဲ့ ဘဝက ဗလာကျင်း ဖြစ်နေတယ်။ ပရော်ဖက်ရှင်နယ် ဘဝအတွက် အောင်မြင်မှုတွေကို ပိုင်ဆိုင်နေရတယ် ဆိုပေမယ့် ပုဂ္ဂိုလ်ရေး ဘဝမှာ ရုန်းကန်နေရတယ်လေ"ဟု ဆိုသည်။ Grace of Monacoစတား မင်းသမီးသည် လတ်တလောတွင်မူ တစ်နိုင်ငံတည်းသား မင်းသား ကိတ်သ်အာဘန်နှင့် အိမ်ထောင်ရက်သား ကျနေပြီး ကလေးနှစ်ဦး ရရှိကာ ပျော်ရွှင်သည့် မိသားစုဘဝကို ထူထောင်ထားပြီဖြစ်သည်။

သူမက လတ်တလောတွင် ရုပ်ရှင်များ၌ အလွန်ရှည်ကြာစွာ အချိန်ပေး သရုပ်ဆောင်ရန် ဆန္ဒနည်းသွားပြီဟုလည်း ဝန်ခံခဲ့သည်။ "Moulin Rogueလို (၆)လ၊ (၇)လလောက် အချိန်ယူရတဲ့ ဇာတ်ကားတွေထဲမှာ ကျွန်မ မပါဝင်ချင်တော့ဘူး။ အဲဒီထက် နယ်ပယ်ကျဉ်းတဲ့ ဇာတ်ရုပ်မျိုးမှာပဲ သရုပ်ဆောင်ပြီး စောစော အိမ်ပြန်ရတာမျိုးကိုပဲ ကြိုက်တော့တယ်"ဟု နစ်ကိုးလ်က ပြောဆိုသွားသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ