ကိုယ်က ငြင်းစရာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ငြင်းရဲမှ အဆင်ပြေမယ် ဆိုတဲ့ မေသက်ခိုင်

ကိုယ်က ငြင်းစရာ ရှိရင်လည်း ပွင့်ပွင့်လင်းလင်း ငြင်းရဲမှ အဆင်ပြေမယ် ဆိုတဲ့ မေသက်ခိုင်ကိုယ်က တစ်ဖက်သတ် တစ်ခါ မှမချစ်ဖူးဘူး။ ချစ်တဲ့ လူတော့ ရှိတာပေါ့။ ချစ်တဲ့ လူရှိတယ် ဆိုတာ ဒါက အနုပညာ သမားမှ မဟုတ်ဘူး။ အပြင် မိန်းကလေး တစ်ယောက်ဆိုလို့ ရှိရင်လည်း မိန်းကလေးဖြစ်ပြီ ဆိုကြိုက် တဲ့လူရှိတယ်။ ကြိုက်တဲ့ လူထဲမှာ လည်း ကိုယ်ကပြန်ကြိုက်နိုင်တဲ့ လူရှိ သလိုပြန် မကြိုက်နိုင်တဲ့ လူဆိုတာလည်း ရှိတယ်။ ဒါကမိန်းကလေး တိုင်းရှိ ကြပါတယ်။ လူတွေကလေ အမုန်း ခံရမှ ဒုက္ခမဟုတ်ဘူး။

အချစ်ခံရရင် လည်း အချစ်ခံရတဲ့ ဒုက္ခရှိတယ်။ ကိုယ် ပြန်မကြိုက်နိုင်တဲ့ လူကြီးက ကိုယ့်ကို တစ်ချိန်လုံး လာကြိုက်နေ တယ်ဆိုရင်တော့ သူလည်း စိတ် ကျဉ်းကျပ်မှာပေါ့။ သူလည်းလွတ် လွတ်လပ်လပ် မနေရဘူး။ ဒါပေမဲ့ တစ်ခုရှိတာက အချစ်ခံရတဲ့ ဒုက္ခ ဆိုတာလေ သမီးရည်းစားကိုမှပြောတာ မဟုတ်ဘူး။ မိဘတွေ၊ နောက် ကိုယ့်အိမ်မှာ အတူတူနေတဲ့ အဘွား တို့၊ အဒေါ်တို့ ချစ်တဲ့အချစ်လည်း တစ်ခါတလေကျရင် သူတို့ကတော့ ချစ်တယ်။ ဒါပေမဲ့ကိုယ့်ဘက်ကစိတ် ကျဉ်းကျပ်တာမျိုးရှိ တယ်လေ။

အဲဒါ ကလည်း အချစ်ခံရတဲ့ဒုက္ခထဲမှာပါ တယ်။ သမီးရည်းစားကိုမှ ရည်ရွယ်တာမျိုး မဟုတ်ပါဘူး။ အဲဒီလို မျိုးလေးတွေတော့ ရှိတာပေါ့။ ကိုယ့် ကို တစ်ဖက်သတ် လာကြိုက်တဲ့လူ တွေကို မကြိုက်ရင် ဘယ်လိုမျိုးပြန် ငြင်းဖြစ်သေးလဲ ဆိုတဲ့မေးခွန်း ကိုတော့ မကြိုက်ဘူးဆိုတာက သူငယ် ချင်းလိုပေါင်းလို့ ရတယ်။ မိတ်ဆွေ လိုပေါင်းလို့ ရတယ်။ ပြန်ကြိုက်ဖို့ဆို ရင်တော့ကိုယ်မှ မကြိုက်တာ။ မကြိုက်ရင် မကြိုက်ဘူး ဘဲပြောမှာ လေ။

ဘယ်သူကမှ ကိုယ်မကြိုက်တဲ့ ဟာကို ကြိုက်ချင်ယောင် ဆောင်ရင် တော့ကြာရင် ကိုယ်ပဲ ဒုက္ခရောက် မှာ။ အဓိကက ကိုယ်ပဲပေါ့။ ကိုယ်က ငြင်းစရာ ရှိရင်လည်း ပွင့်ပွင့်လင်း လင်းငြင်းရဲမှ အဆင်ပြေမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မကြိုက်သလိုလို၊ ကြိုက်သလိုလိုမျိုး အချိန်ဆွဲ ထားရင် တော့ ကိုယ့်အတွက် လည်းမကောင်း ဘူး။ သူများအတွက် လည်းမကောင်း ဘူးလေ။ 

By 8 Days

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ