ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကို ကြွားမဆုံးနိုင် ဖြစ်နေသည့် ကန်ဒိုက်စ်

   
ဒေါ်လာ ၁၀ သန်းတန် ဘရာစီယာကို ကြွားမဆုံးနိုင် ဖြစ်နေသည့် ကန်ဒိုက်စ် အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရွှေ၊ ကျောက်မျက်ရတနာ၊ စိန်နှင့် ပတ္တမြားတို့ မြှုပ်နှံစီခြယ်ထားသည့် ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြရန် Victoria's Secret၏ ရွေးချယ်ခြင်းကို ခံထားရသည်

ယခုနှစ်ကုန်ပိုင်းတွင် ပြုလုပ်မည့် Victoria's Secret အထူးပွဲတွင် ဝတ်ဆင်မည့် ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာနှင့် ပတ်သက်ပြီး ကန်ဒိုက်စ် ဆွန်နီပိုဝယ်လ်တစ်ယောက် ကြွားမဆုံးနိုင် ဖြစ်နေသည်။ အသက်(၂၅)နှစ်ရှိ တောင်အာဖရိက စူပါမော်ဒယ်လ်သည် ရွှေ၊ ကျောက်မျက်ရတနာ၊ စိန်နှင့် ပတ္တမြားတို့ မြှုပ်နှံစီခြယ်ထားသည့် ဒေါ်လာ(၁၀)သန်းတန် ဘရာစီယာကို ဝတ်ဆင်ကိုယ်ဟန်ပြရန် Victoria's Secret၏ ရွေးချယ်ခြင်းကို ခံထားရသည်။ နယူးယော့ခ်တွင် ကျင်းပသည့် Victoria's Secret စတိုးဆိုင်မှ Collectionသစ် မိတ်ဆက်ပွဲတွင် ကန်ဒိုက်စ်က အဆိုပါ အနီရောင် တန်ဖိုးကြီး အတွင်းခံ အဝတ်အထည်ကို ပရိသတ်များရှေ့ ထုတ်ပြခဲ့သည်။ ယင်းဘရာစီယာတွင် ကျောက်မျက်ရတနာ (၄၂၀၀)ကျော် ထည့်သွင်းစီခြယ်ထားပြီး (၁၈)ကာရက် ရွှေသားကို အသုံးပြုကာ (၅၂)ကာရက် ပတ္တမြားကြီး တစ်လုံးကိုပါ ထည့်သွင်းချုပ်လုပ်ထားသည်။

"ဒီဘရာစီယာကို ကျွန်မရဲ့ ကိုယ်တိုင်းအတိုင်း ချုပ်ထားတာပါ။ ကျွန်မတော့ ဒါကိုဝတ်ပြီး ကိုယ်ဟန်ပြရမယ့်နေ့ကို မစောင့်နိုင်အောင် ဖြစ်နေပြီ။ အရမ်းလည်း စိတ်လှုပ်ရှားနေမိပါတယ်"ဟု ကန်ဒိုက်စ်က ဆိုသည်။ သူမက ဆက်လက်၍ "ဒီလောက် တန်ဖိုးကြီးတဲ့ အဆင်တန်ဆာမျိုး ကျွန်မတစ်သက်မှာ တစ်ကြိမ်မှ မဝတ်ခဲ့ဖူးဘူး။ ကျွန်မအတွက် ကြီးကျယ်တဲ့ ချီးမြှောက်မှုကြီး တစ်ခုလို ခံစားနေမိပါတယ်။ ကျွန်မဆီ ဒီဘရာစီယာ ရောက်လာတော့ ဘေးမှာ အစောင့်နှစ်ယောက်နဲ့ပါ။ ပြီးတော့ မျက်ခြေပြတ် မခံလောက်အောင် သတိထား စောင့်ကြည့်နေရတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်"ဟုလည်း ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။ Victoria's Secretသည် နှစ်စဉ် မော်ဒယ်လ် တစ်ဦးစီ ရွေးချယ်ပြီး တန်ဖိုးကြီး ဘရာစီယာများဖြင့် ကိုယ်ဟန်ပြစေခဲ့ရာ (၂၀၀၀)ပြည့်နှစ်က ဂီဆလီဘန်ချန် ဝတ်ဆင်ခဲ့သည့် ဘရာစီယာသည် တန်ဖိုးအမြင့်ဆုံး စံချိန်တင်ခဲ့သည်။ ထိုစဉ်က ဘရာစီယာ၏ တန်ဖိုးသည် ဒေါ်လာ (၁၅)သန်းကျော်ဟု သိရှိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ