မြန်မာ အမျိုးသား/အမျိုးသမီး ဘောလုံးအသင်း ဆီမီးဖိုင်နယ် တက်နိုင်

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုအနေအထားအရ မြန်မာအမျိုးသားဘောလုံးအသင်းနဲ့ အမျိုးသမီးဘောလုံးအသင်းတို့ အနိမ့်ဆုံး ဆီးမီးဖိုင်နယ်လာက်အထိ တက်နိုင်တယ်လို့ အားကစားကလောင်ရှင်တဦးက မှတ်ချက်ပေးပြောဆိုလိုက်ပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်းဟာ အုပ်စု (ခ) မှာ အင်ဒိုနီးရှား၊ ထိုင်း၊ တီမော၊ ကမ္ဘောဒီးယား တို့နဲ့အတူ ကျရောက်နေပြီး၊ အမျိုးသမီးဘောလုံးအသင်းကတော့ အုပ်စု (က) မှာ နာမည်ကြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား တို့နဲ့ အတူ ကျရောက်နေပါတယ်။

အားကစားကလောင်ရှင် ဦးစိုးညီကတော့ ဒီနှစ် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲမှာ မြန်မာ၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတို့ပဲ ဗိုလ်စွဲနိုင်တယ်၊ အုပ်စုအနေအထားအရ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့ မလေးရှား ဒါမှမဟုတ် ဗီယက်နမ်နဲ့ တွေ့မယ်၊ ဗိုလ်လုပွဲတက်၊ မတက် ဒီပွဲတွေက အဆုံးအဖြတ်ဖြစ်မယ်လို့ သုံးသပ်ပြောကြားပါတယ်။

အမျိုးသားအသင်း အုပ်စု (က) မှာတော့ မလေးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ် နဲ့ စင်ကာပူ လက်ရွေးစင်အသင်းတို့ ဖြစ်ပါတယ်။ အမျိုးသမီးအသင်း အုပ်စု (ခ) မှာတော့ ထိုင်း၊ လာအို၊ မလေးရှားနဲ့ တီမောအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

by ရွှေအောင် (ဒီဗွီဘီ)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ