ဆီးဂိမ်းဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်နေ

(နေပြည်တော်) မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအတွက် ကြိုတင် သရုပ်ဖော်လေ့ကျင့်မှုများကို နိုဝင်ဘာလ ၁၁ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသ္ဓိဘောလုံးကွင်းအတွင်း  စတင်လေ့ကျင့်မှုများပြုလုပ်နေပြီ ဖြစ်သည်။

“ မြန်မာနိုင်ငံက လက်ခံကျင်းပတဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းမှာ တရုတ်က နည်းပညာအကူအညီပဲ ယူထားတာပါ။ အစီအစဉ်တွေအားလုံးကို တစ်ခုခြင်းစီ လေ့ကျင့်သွားမှာပါ သူ့အပိုင်းနဲ့သူပေါ့။ အက သရုပ်ဖော်တာတွေနဲ့ ကျန်တာတွေအားလုံးကို မြန်မာမှု မြန်မာ့ဟန်နဲ့ ပေါ်လွင်အောင် ဆောင်ရွက်ထားပါတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ညွန်ကြားရေးမှုး ဦးအောင်မြင့်က မဇ္ဈိမကို ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ကလေးငယ် ၈၀၀၀ ကျော်တို့က ပါဝင်သရုပ်ဖော် လေ့ကျင့်နေခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကျောင်းသား/သူ လူငယ်များ ပါဝင်သရုပ်ပြ ဖျော်ဖြေကြမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲသည် အင်ဒိုနီးရှားတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားသည်ဟုလည်း ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦးက ဆိုသည်။

“ ကျွန်တော်တို့ ဆီးဂိမ်းကို အင်ဒိုဆီးဂိမ်းထက်သာမလားလို့ မီဒီယာတွေက အမြဲမေးတယ် “သာမှာပါ” အခုဆိုရင် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့လုပ်ထားတဲ့ စင်တွေ LED မီးဘုတ်တွေ အားလုံး သူတို့ထက်သာပါတယ်။ ဖျော်ဖြေရေး သရုပ်ပြအပိုင်းမှာလဲ အလုံးအဆင်ပြေပါတယ် ကြိုးတွေနဲ့ အပေါ်ကနေ “က” မယ့်ကလေးတွေလဲ လေ့ကျင့်မှုတွေလည်း အားလုံး အဆင်သင့်ဖြစ်နေပါပြီ အင်ဒိုဆီးဂိမ်းထက် သာရမယ်လို့ ကျွန်တော် အာမခံရဲပါတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဦး ကပြောခဲ့သည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ရက်တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ပြုလုပ်ကျင်းပမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၂၂ရက်အထိ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ၁၉၄၆ ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် လက်ခံကျင်းပခဲ့ခြင်းပြီး ၂၀၁၃ခုနှစ်တွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို ၄၄ နှစ်ကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Written by  ဟိန်းထက်

(မဇ္ဈိမသတင်းဌာန)

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ