မိုးစက်ဝိုင်ကို ပရိသတ်များ အားပေးနှစ်သိမ့်

ALEXANDER NEMENOV/ AFP

မယ်စကြ၀ဠာပြိုင်ပွဲ ဆန်ခါတင် ၁၆ ဦးစာရင်းတွင် မပါဝင်ဘဲ ဆုတစ်ဆုမျှ မရရှိခဲ့သော မိုးစက်ဝိုင်ကို မြန်မာပရိသတ်များက မိုးစက်ဝိုင်၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာနှင့် ကိုယ်ပိုင်စာမျက်နှာတွင်  အားပေးနှစ်သိမ့်စကားများ ရေးသားခဲ့ကြသည်။

၂၀၁၃ ခုနှစ်အတွက် မယ်စကြ၀ဠာသရဖူကို ဗင်နီဇွဲလားမယ်က ဆွတ်ခူးခဲ့သည်။ ရုရှားနိုင်ငံ မော်စကိုမြို့တွင် ပြုလုပ်ခဲ့သော မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာအနေဖြင့် နှစ်ပေါင်းငါးဆယ်ကျော်ကြာမှ ပြန်လည် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သောကြောင့် နိုင်ငံတကာမီဒီယာများက မြန်မာကိုစိတ်ဝင်စားခဲ့ပြီး ပြိုင်ပွဲနီးလာသည်နှင့်အမျှ မြန်မာအနေနှင့် ဆန်ခါတင်စာရင်းတွင် ပါဝင်နိုင်သည်ဟု ထင်ကြေးများပေါ်ထွက်၍ ပရိသတ်များ၏ မျှော်လင့်ချက်များ ပိုမိုထက်သန်လာခဲ့သည်။

ထို့ကြောင့် မိုးစက်ဝိုင်ကို ဆန်ခါတင် ၁၆ ဦးစာရင်းတွင် ပါဝင်ရန် မျှော်မှန်းထားခဲ့သော်လည်း နိုဝင်ဘာ ၉ ရက် နောက်ဆုံးပြိုင်ပွဲတွင် ဆန်ခါတင်စာရင်းတွင် မပါဝင်ဘဲ၊  ဆုမရခဲ့သောကြောင့် မိုးစက်ဝိုင်အတွက် အားပေးစကားများ ရေးသားထားကြခြင်းဖြစ်သည်။

ဆန်ခါတင် ၁၆ ဦးစာရင်း ကြေညာပြီးချိန်တွင် မိုးစက်ဝိုင် မပါဝင်သောကြောင့်   ၎င်းကို အားပေးသည့် ပရိသတ်များက အားမလိုအားမရ ဖြစ်ခဲ့သော်လည်း အကောင်းဆုံးယှဉ်ပြိုင်ကာ မြန်မာဆိုသည့်အရာကို ကမ္ဘာ့စင်မြင့်ထက်၌ တစ်ဖန်ပြသနိုင်ခဲ့ကြောင်း ရေးသားထားကြသည်။

ဆန်ခါတင် ၁၆ ဦး စာရင်းတွင် မြန်မာအလှမယ် မပါဝင်သော်လည်း မြန်မာနှင့် မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ပြိုင်ပွဲတစ်လျှောက် အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပရိသတ်များကလည်း အစွမ်းကုန် အားပေးခဲ့သောကြောင့် ဆန်ခါတင်စာရင်းတွင် မပါသော်လည်း မိုးစက်ဝိုင်အတွက် ဂုဏ်ယူကြောင်းလည်း နန်းခင်ဇေယျာက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။
ထို့ကြောင့် မိုးစက်ဝိုင် ဆုမရရှိခဲ့သော်လည်း ပရိသတ်များနှင့် အနုပညာရှင်အချို့က မြန်မာပြည်အပြန်ခရီးကို ကြိုဆိုနေမည်ဟု ပြောဆိုထားကြသည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူနှင့် ဘောလုံးပွဲတစ်ခုတွင် ယှဉ်တွဲတွေ့ခဲ့ခြင်းနှင့် တရုတ်အမျိုးသမီးဖြစ်သည်ဟူသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ခြင်းကြောင့် အွန်လိုင်းမဲများ ရသင့်သလောက်မရခဲ့ဘဲ ဖိလစ်ပိုင်အလှမယ်က မဲအသာဖြင့် ဆန်ခါတင်စာရင်းဝင်ခဲ့သည်ဟု အွန်လိုင်းတွင် ထင်ကြေးပေးနေသူများလည်းရှိသည်။

မိုးစက်ဝိုင်သည် ရုရှားနိုင်ငံမှ နိုဝင်ဘာ ၁၀ ရက်တွင် ပြန်လည်ထွက်ခွာလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁ နာရီ မိနစ် ၃၀ တွင် ရောက်ရှိမည်ဖြစ်သည်။

7DAY DAILY

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ