မြိတ်မြို့တွင် အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိ

အမည်မသိ အလောင်းတစ်လောင်းအား မြိတ်မြို့၊ ကံဖျားနယ်မြေ၊ ခရူတောရပ်ကွက်၊ ဗိုလ်ဗထူးလမ်းနှင့် စိုးစိုးပိုးပိုး ရေဆေးခုံလမ်းအနီး ခြံတစ်ခြံ၌ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် (၉း၀၀)နာရီ အချိန်ခန့်တွင် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

အလောင်းမှာ လွန်ခဲ့သော (၅)ရက်ခန့်ကပင် သေဆုံးနေသည်ဟု ထင်ရပြီး အသက် (၄၀)ခန့်၊ အရက်သောက်သုံးသူ၊ အသဲရောင်အသားဝါရောဂါရှိသူ၊ ပြင်ပဒဏ်ရာမရှိ၊ နှလုံးသွေးရပ်၍ သေဆုံးနိုင်သည် ခန့်မှန်းရပြီး ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးလျှက်ရှိကြောင်း၊ အမည်မသိအလောင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မြိတ်ပုလဲမြေ




မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ