အနုပညာရှင်နဲ့ ပရိသတ်ရင်ဘတ်ချင်းနီးခဲ့တဲ့ လင်းလင်းရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ

ပြောင်မြောက်တဲ့စာသား အကြောင်းအရာတွေနဲ့ ရော့ခ်သံစဉ် တွေကို လွတ်လပ်စွာ ဖော်ထုတ်ရင်း ပရိသတ်လက်ခံအားပေးမှုတွေ ရရှိခဲ့တဲ့ လင်းလင်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ Solid Solo Show in Yangon လို့ အမည်ပေးပြီး အောက်တိုဘာလ ၂၆ ရက်နေ့ ညက ကန်တော်ကြီးမျှော် စင်ကျွန်းမှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ‘အမှန်တရား’ သီချင်းနဲ့ပွဲကို စဖွင့်ခဲ့တဲ့ လင်းလင်းက သူ့ရဲ့တစ်ကိုယ်တော်ရှိုးကိုတော့  Dream Lover  တီးဝိုင်းနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ကွင်းပြည့်ကွင်း လျှံဖြစ်နေတဲ့ ပရိသတ်ကလည်း လင်းလင်းရဲ့ အမာခံတွေပဲ ဖြစ် တာကြောင့်လင်းလင်းရဲ့သီချင်းများနဲ့အသားကျလျက်ရှိပြီး လင်းလင်း ပေးချင်တဲ့ မက်ဆေ့ခ်ျတွေကိုလည်း အနု ပညာရှင်နဲ့ ပရိသတ် ရင်ဘတ်ချင်းနီး နားလည်ကြ ပါတယ်။ ‘ကျွန်တော်မြန်မာ’ သီချင်းနဲ့ ပွဲကို ပိတ်သိမ်းခဲ့တဲ့အချိန်မှာ တစ်ကွင်းလုံးက တပြေးညီ မြူးကြွလာကြပြီ။ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့်  ‘ခရီးများ အဆုံးထိလျှောက်’ သီချင်းကိုပါ ဆက်လက်သီဆို ပေးခဲ့ပါတယ်။ လင်းလင်းFull band နဲ့ ဖျော်ဖြေမှုအပြင့် Unplugged    ဖျော်ဖြေမှုကိုလည်း ထည့်သွင်းတင်ဆက်ခဲ့ပါတယ်။ ဖျော်ဖြေပွဲအပြီး အောက်တိုဘာ ၃ဝရက်နေ့မှာလင်းလင်းကိုမေးကြည့် တော့ “ဒီပွဲပြီးတဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ ပွဲနေ့မှာလည်း ပရိသတ်တွေနဲ့ တစ်သားတည်း ဖြစ်ခဲ့တဲ့ အတွက် အဲဒီတုန်းက အနုပညာရှင် ဆိုတာထက်ပရိသတ် တစ်ယောက်လို တောင်ခံစား ရ တယ်” လို့ လင်းလင်း ကပြောပါ တယ်။

Popular Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ