ကုန်စည်ပြပွဲအတွက် ပြင်ဆင်သူ လုပ်သားတစ်ဦး ၁၅ ပေအမြင့် သံမဏိငြမ်းမှ ပြုတ်ကျ

မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ ကုန်စည်ပြပွဲအတွက် ယာယီအဆောက်အအုံအား ပြင်ဆင်ရေးအဖွဲ့က ပြင်ဆင်နေစဉ် ငြမ်းပေါ်မှ အလုပ်သမားတစ်ဦး ပြုတ်ကျခဲ့သဖြင့် အလုပ်သမားနှစ်ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီခန့်က မရမ်းကုန်းမြို့နယ် (၄)ရပ်ကွက် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(ဃြဃ)ဝင်းအတွင်း၌ မကြာမီကျင်းပမည့် ကုန်စည်ပြပွဲအတွက် ပြင်ဆင် ရေးအဖွဲ့က ယာယီ(သံဖရိန်)အဆောက်အအုံအား ပြင်ဆင်ဆောက်လုပ်နေစဉ်(အပေါ်ပုံ) အလုပ်သမား နေမျိုးအောင်(၂၂)နှစ် အိုရင်းရွာ ငါ့သရောက်မြို့နယ်နေသူသည် အမြင့် ၁၅ ပေခန့်ရှိ သံမဏိငြမ်း ပေါ်မှ ခြေချော်ပြီးပြုတ်ကျခဲ့ရာ ဝဲပေါင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ ၄င်းအောက်တွင် ငြမ်းအား ရွှေ့ပြောင်းပေးသူ မြင့်ကိုကို(၃၅)နှစ် ကျန်စစ်သားအိမ်ရာ (၆)ရပ်ကွက် လှိုင်သာယာမြို့နယ် နေသူမှာ ငြမ်းသံချောင်းဖြင့် ရိုက်မိပြီး ညာခြေထောက် ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အဆိုပါ ပြင်ဆင်ရေးအဖွဲ့၏ တာဝန်ရှိသူများက ဝိတိုရိယဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ယင်းဆေးရုံကြီးမှ တစ်ဆင့် အလုံမြို့နယ် အကယ်ဒမီဆေးရုံကြီးသို့ လွှဲပြောင်း၍ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

The Mirror Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ