ရွှေဘိုအကျဉ်းထောင်၌ အကျဉ်းသားတစ်ဦးသေဆုံး

နိုဝင်ဘာလ ၁၃ ရက်၊ ၂၀၁၃ ခုနှစ်

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရှိ (က)အဆင့်ရွှေဘိုအကျဉ်းထောင်ကြီးတွင် အကျဉ်းကျနေသည့် အကျဉ်းသားတစ်ဦးသည် နိုဝင်ဘာလ ၁၁ရက်က သေဆုံးခဲ့သည်ဟု ထောင်ဝင်စာသွားရောက်တွေ့ခဲ့သည့် ၎င်း၏ မိသားစုဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

ထိုအကျဉ်းသားသည် နိုဝင်ဘာလ ၁၁ရက် နံနက်ပိုင်းတွင် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်သောကြောင့် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးသို့ ထောင်ဝန်ထမ်းများက ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံ၌ပင် ဆုံးပါးခဲ့ရသည်ဟု ဆိုသည်။ ဆုံးပါးသွားသည့် အကျဉ်းသားမှာ ရွှေဘိုမြို့ ယင်းမာပင်ကျေးရွာမှ အသက် ၅၂နှစ်အရွယ် ဦးစိုးဝင်းဖြစ်သည်။

ယင်းကဲ့သို့ သေဆုံးခြင်းသည် ရောဂါဖြင့် သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးရန် အကျဉ်းထောင် ဒု-ကြီးကြပ်ရေးမှူး ဦးမြင့်ဆွေက သေမှုသေခင်းဖွင့်၍ ရွှေဘိုမြို့မရဲစခန်းသို့ တိုင်တန်းအမှုဖွင့်ခဲ့သည်ဟု ထိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

တိုးကြီး(မုံရွာ)| Mizzima - News in Burmese


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ