ကွေးကွေးကောက်ကောက် Samsung စမတ်ဖုန်း တရားဝင်ပြသပြီ

ဓာတ်ပုံကို eveleak မှ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး Samsung ရဲ့  တရားဝင် မိတ်ဆက်ပွဲ ကိုတော့ အောက်တိုဘာလ အတွင်းမှာပဲ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။

ဖုန်းတစ်ခုလုံးကို ကွေးကောက်သွားနိုင်တာ တစ်ခု ပိုသွားပေမယ့် အတွင်းက Specification များက နိမ့်မသွား ပါဘူး။ Samsung Galaxy Note 3 က အရည်အသွေးများကိုပဲ အများစု ပြန်လည် မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း ၅ လက်မနဲ့ ၆ လက်မကြား ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ Note 3 လို Pen တော့ မပါလာလောက်ပါဘူး။ ကွေးကောက်နိုင်တဲ့ OLED မျက်နှာပြင်ဖြစ်ပြီး အရည်အသွေးလည်း ပိုကောင်းလာမှာ ဖြစ်ပါ တယ်။

Samsung နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တစ်နိုင်ငံတည်းထွက် LG က လည်း
ကွေးကောက်နိုင်တဲ့ OLED Display များကို ၎င်းတို့ စမတ်ဖုန်းမှာ အသုံးပြုဖို့အတွက် အရေအတွက် အမြောက်အများ ထုတ်လုပ်နေပါပြီ။ လပိုင်း အတွင်းက LG ကလည်း ရှေ့ ဆင့်နောက်ဆင့် Samsung နဲ့ ယှဉ်ပြိုင်ပွဲထုတ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့  Curve လုပ်နိုင်တဲ့ စမတ်ဖုန်း ကို Galaxy Round လို့ အမည်ပေးထားပါတယ်။

ဈေးနှုန်းကလည်း မသေးပါဘူး။ အမေရိကန်ဒေါ်လာ ၉၃၃ သတ်မှတ် ထားပြီး မြန်မာပြည်မှာလည်း ၉ သိန်းခွဲ ဝန်းကျင်လောက် ပေါက်ဈေး ရှိလာနိုင်မယ့် စမတ်ဖုန်းပါ။ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တရားဝင် ရောင်း ချသွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ