Friend တေးစီးရီးကို အရည်အသွေးကောင်းအောင် ကြိုးစားထားတယ်ဆိုတဲ့ နန်းမြတ်

သူငယ်ချင်းနန်းသူဇာနှင့်အတူ သီဆိုထားခြင်းကြောင့် စီးရီးအမည်ကို Friend ဟုသာ ပေးထားပြီး ပရိသတ်များ အရည်အသွေးကောင်းစွာ နားထောင်နိုင်ရန် Audio CD ကို ဘန်ကောက်၌ သွားရောက်ကူးထားကြောင်း နန်းမြတ်ဖြိုးသင်းကပြောကြားသည်။

““ပရိသတ်ကို  Quality ကောင်းကောင်းနဲ့ နားထောင်စေချင်လို့ သွားလုပ်ဖြစ်တာပါ။ Quality ကောင်းကောင်းနဲ့ Audio CD လေး ဖြစ်ခဲ့ပါတယ်””ဟု နန်းမြတ်ဖြိုးသင်းကပြောသည်။
Friend ဟု အမည်ပေးထားသော်လည်း ယင်းအမည်နှင့် သီချင်း ပါဝင်ခြင်းမရှိဘဲ သူငယ်ချင်း နှစ်ယောက်ပေါင်း၍ စီစဉ်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းနာမည်ကို ရွေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သီချင်းစုစုပေါင်း ၁၆ ပုဒ် ပါဝင်ပြီး နန်းသူဇာနှင့်အတွဲနှစ်ပုဒ်၊ Featuring အဖြစ် လွှမ်းပိုင်၊ ရဲရင့် အောင်နှင့် တစ်ပုဒ်စီ သီဆိုထားကာ တစ်ကိုယ်တော်ငါးပုဒ် သီဆိုထားကြောင်း နန်းမြတ်ဖြိုးသင်းကပြောသည်။ပေါ့ပ်သီချင်းအများဆုံးပါဝင်ပြီး အမြူးပုံစံ၊ ချစ်စရာကောင်းမည့်ပုံစံနှင့် အလွမ်းသီချင်းများ ပါဝင်မည်ဟုဆိုသည်။
““အကုန်လုံးတော့ ကြိုးစားပြီးလုပ်ထားတယ်။ ဦးကိုင်ဇာရေးပြီး နန်းသူဇာနဲ့ နှစ်ယောက်တွဲ သီဆိုထားတဲ့ ““လာလာမလာလာ”” သီချင်းက နားစွဲလွယ်မယ်ထင်တယ်””ဟု နန်းမြတ်ဖြိုးသင်းက ပြောသည်။နန်းမြတ်ဖြိုးသင်းက ယခုရက်ပိုင်းတွင် ကြေညာရိုက်ကူးရန်ရှိပြီး သီချင်းခွေထွက်မည့် အောက်တိုဘာ ၆ ရက်တွင် လှည်းတန်းစိန်ဂေဟာ၌ အမှတ်တရလက်မှတ်ရေးထိုး၍ ဖျော်ဖြေမည်ဟုပြောသည်။ ထို့အပြင် သီတင်းကျွတ်လပြည့်နေ့တွင် မျှော်စင်ကျွန်း၌ ပြုလုပ်မည့် ဖျော်ဖြေပွဲတွင်လည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day  Daily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ