နေပြည်တော်၊ အောက်တိုဘာ ၃
၁-၁၀-၂၀၁၃ ရက်နေ့ ၀၆၂၀ အချိန် မိတ်္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် အမှတ်(၂၁၈/၁-၂) ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ သီးကုန်းအမြန်လမ်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးရာ နေပြည်တော်မှရန်ကုန်သို့ ပျဉ်းမနားမြို့၊ ပန်းခင်းရပ်ကွက်နေ နေလင်း(၄၃)နှစ်မောင်းနှင်လာသည့် ၉င/xxxx ပရာဒို မီးခိုးရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိကွန်ကရစ်တိုင်များအားဝင်ရောက် တိုက်မိ တိမ်းမှောက်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့ တိုက်မိမှုကြောင့် နေလင်းတွင် ဦးခေါင်းထိပ်စုတ်ပြဲ၊ ၀ဲလက်မောင်းပွန်းပဲ့၊ ယာတံတောင်/ယာလက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာများနှင့် တစ်မြို့တည်းနေ ကျော်သူငြိမ်း(၃၂)နှစ် တွင် ယာလက်ခုံ/ယာလက်မောင်းပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မိတ်္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ နေလင်းအား သီးကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၀/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိကွန်ကရစ်တိုင်များအားဝင်ရောက်တိုက်မိ၍ ယာဉ်တိမ်းမှောက်
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin