မော်ရစ်ဆင်ကို ယူနိုက်တက် ပြန်လည် ကမ်းလှမ်းလာမည်ကို အလာဒိုက်စ် စိုးရိမ်နေ

မန်ချက်စတာ ယူနိုက်တက် အသင်းက ရေဗယ်လ် မော်ရစ်ဆင်ကို ပြန်လည် ကမ်းလှမ်းလာမည်ကို မိမိ စိုးရိမ်မိကြောင်း ဝက်စ်ဟမ်းယူနိုက်တက် မန်နေဂျာ ဆမ်အလာဒိုက်စ်က ဝန်ခံ ပြောကြားလိုက်သည်။

အင်္ဂလန် လူငယ် ကစားသမား မော်ရစ်ဆင်သည် ယူနိုက်တက် ပထမအသင်းတွင် နေရာမရခဲ့သည့်နောက် ဝက်စ်ဟမ်း အသင်းသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ ၎င်းသည် ဆာအဲလက်စ် ဖာဂူဆန် လက်ထက်တွင် ယူနိုက်တက်မှ ထွက်ခွာခဲ့သော်လည်း လက်ရှိမန်နေဂျာ ဒေးဗစ်မိုယက်စ်က ပြန်လည် ကမ်းလှမ်းလာနိုင်သည့် အခြေအနေအပေါ် အလာဒိုက်စ်က စိုးရိမ်နေခြင်း ဖြစ်သည်။ လတ်တလောတွင် ဝက်စ်ဟမ်း၌ ပုံစံကောင်း ရနေသော မော်ရစ်ဆင်အတွက် တစ်ပွဲကစားတိုင်း ယူနိုက်တက်သို့ ဝက်စ်ဟမ်းက စတာလင်ပေါင် (၂၅၀၀၀) ပေးချေနေရသည်။

မော်ရစ်ဆင်သည် ယူနိုက်တက်မှ ဝက်စ်ဟမ်းသို့ စတာလင်ပေါင် (၆၅၀၀၀၀)ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး စွမ်းဆောင်ရည်အလိုက် ထပ်ဆောင်း ပေးချေမှုများပါ ဝက်စ်ဟမ်းက ဖြည့်တင်းပေးရခြင်း ဖြစ်သည်။ အလာဒိုက်စ်က "မော်ရစ်ဆင်ရဲ့ စာချုပ်မှာ ယူနိုက်တက်က ပြန်ဝယ်ခွင့် ထည့်သွင်းထားတယ် ဆိုတာမျိုးတော့ ကျွန်တော် မကြားမိပါဘူး။ ဒါပေမဲ့ ယူနိုက်တက်က သူ့ကို ဝယ်ယူဖို့ ပြန်ကြိုးစားလာမှာကို တကယ်ပဲ ကျွန်တော် စိုးရိမ်မိပါတယ်။ ခရစ်စမောလင်း ဖူလ်ဟမ်မှာ ခြေစွမ်းစပြီး ပြနေတုန်းက ယူနိုက်တက်က ပေါင်စတာလင် (၁၀)သန်းနဲ့ ဝယ်သွားတယ်။ ဘလက်ဘန်း ရိုဗာကို ကျွန်တော် တာဝန်ယူနေတုန်းက ဖီးလ်ဂျုံးစ်ကို သူတို့ ခေါ်ယူသွားပြန်တယ်။ လူငယ် ကစားသမားတွေအတွက် ယူနိုက်တက် တကယ်တမ်း ကြားဝင်လာပြီဆိုရင် တားဖို့ အင်မတန် ခက်ပါတယ်"ဟု ပြောကြားခဲ့သည်။

မော်ရစ်ဆင်၏ လက်ရှိ စာချုပ်သည် ရှုပ်ထွေးမှုများ ရှိနေပြီး အသင်းက စာချုပ်ကို ပြန်လည် ပြင်ဆင်ရန် အလျင်စလို ကြိုးပမ်းနေသည်။ မော်ရစ်ဆင်သည် ဘာမင်ဂမ် စီးတီးတွင် အငှားထွက်ကစားခဲ့သေးပြီး ယခုရာသီတွင်မူ ဝက်စ်ဟမ်း၏ ကွင်းလယ်တိုက်စစ်၌ အကောင်းဆုံး ခြေစွမ်းပြ ကစားလျှက်ရှိသည်။

Soccer Myanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ