လူသတ်မှုတရားခံအား (၃)နာရီအတွင်းဖမ်းဆီးရမိ

ရန်ကုန်၊ အောက်တိုဘာ ၁၅

၁၃.၁၀.၂၀၁၃ရက်နေ့၂၁၀၀အချိန်တွင်ကြည့်မြင်တိုင်မြို့နယ်၊ အောက်ရုံရပ်ကွက်နေ သိန်းတန်(ခ) သိန်းနိုင်၊ (ဘ)ဦးကျင်ဝမ်းနှင့် သန်းလင်းထိုက် (ခ) မြွေပွေးတို့ စကားများ ရန်ဖြစ်ခဲ့ကြသည့် ကိစ္စအားမကျေနပ်၍ ၁၄.၁၀.၂၀၁၃ရက်နေ့ ၀၃၃၀အချိန်တွင် သန်းလင်းထိုက်(ခ)မြွေပွေးမှ သိန်းတန် (ခ)သိန်းနိုင်၏ နေအိမ်ပေါ်သို့ တက်ရောက်၍ သိန်းတန်(ခ)သိန်းနိုင်အား ဓါးဖြင့် ထိုးသွားသဖြင့် ၀ဲဘက်လည်ပင်းထိုးသွင်းဒဏ်ရာ (၁)ချက်ရရှိပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသနေစဉ် ၀၄၃၅အချိန် သေဆုံးသွားသဖြင့် သန်းလင်းထိုက်(ခ)မြွေပွေးအားကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်း (ပ)၃၆၃/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှတရားခံအား ဖမ်းဆီးရမိရေးအတွက် စက်ဆန်း နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ ၀၆၂၀အချိန်တွင် အလတ်ချောင်းရပ်ကွက်၊ အလတ်ချောင်းတံတားပေါ်တွင် သန်းလင်းထိုက်(ခ)မြွေပွေး၊ (ဘ)ဦးသန်းထွန်း၊ ဘောဂဗလလမ်း၊ အလတ်ချောင်းရပ်ကွက်ကြည့်မြင်တိုင်နေသူအား အရိုးအသွား (၉)လက်မခန့်ရှိ ဓါးဦးချွန် (၁)ချောင်းနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ