ဂျာမနီတွင် ကလေးမွေးစာရင်းမှစ၍ လိင်အမျိုးအစား ဖော်ပြရန်မလိုတော့

မိဘများအနေဖြင့် ကလေးမွေးဖွားကြောင်း စာရွက်စာတမ်းတွင် လိင်ဖော်ပြချက်ကို ဖြည့်စွက်ခြင်းမပြုဘဲ ကွက်လပ်အဖြစ် ချန်ထားခဲ့နိုင်မည်ဖြစ်
ဂျာမနီနိုင်ငံတွင် သောကြာနေ့မှ စတင်ကာ မွေဖွားလာမည့် ကလေးများ၏ ကျား၊ မ လိင်အမျိုးအစား ဖော်ပြမှုကို သက်ဆိုင်ရာ စာရွက်စာတမ်းများတွင် ဖြည့်စွက်စရာ မလိုတော့ကြောင်း သိရသည်။ ဂျာမနီသည် မွေးဖွားသည့် ကလေးများအတွက် လိင်ဖော်ပြချက် ကင်းလွတ်ခွင့်ပြုလိုက်သည့် ပထမဆုံး ဥရောပနိုင်ငံလည်း ဖြစ်လာသည်။ မိဘများအနေဖြင့် ကလေးမွေးဖွားကြောင်း စာရွက်စာတမ်းတွင် လိင်ဖော်ပြချက်ကို ဖြည့်စွက်ခြင်းမပြုဘဲ ကွက်လပ်အဖြစ် ချန်ထားခဲ့နိုင်မည်ဖြစ်သည်။ ဂျာမနီ၏ ဆောင်ရွက်မှုမှာ အများပြည်သူနှင့် သက်ဆိုင်သော တရားဝင်မှတ်ပုံတင် စာရင်းသွင်းရသည့် လုပ်ငန်းစဉ်များတွင် အမျိုးအစား သတ်မှတ်ဖော်ပြထားခြင်း မရှိသော လိင်ဖော်ပြချက်ကို စတင်ကျင့်သုံးလိုက်ခြင်းဖြစ်သည်။

"ဒီ အပြောင်းအလဲက ဥပဒေပြဌာန်းမှုအနေနဲ့ လူသားတွေမှာ အမျိုးသား၊ အမျိုးသမီး ဒါမှမဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကို ပထမဆုံးအကြိမ် အသိအမှတ်ပြုလိက်တာပါပဲ၊ ထုံးစံအတိုင်းဖြစ်နေတဲ့ တရားဝင်သတ်မှတ်ချက်တွေနဲ့ အံ့ဝင်ခွင်ကျမဖြစ်သူတွေအတွက် အဆင်ပြေစေပါတယ်"ဟု ဘာမင်တက္ကသိုလ် ဥပဒေဘာသာရပ် ပါမောက္ခ ကွန်စတန်ဇီ ပီလက်က AFP သို့ သုံးသပ်ပြောကြားသည်။ အသစ်ကျင့်သုံးမည့် စည်းမျဉ်းကြောင့် ကလေးမွေးဖွားသည့် မိဘများအနေဖြင့် ရင်သွေး၏ လိင်ဖော်ပြချက်ကို အလျင်အမြန် ဆုံးဖြတ်ထည့်သွင်းစရာ မလိုတော့ကြောင်း သိရသည်။ ထို့ကြောင့် ကလေးငယ် အရွယ်ရောက်လာသည့်အချိန်တွင် ခွဲစိတ်ကုသကာ လိင်ပြောင်းလဲမည်ဆိုပါကလည်း အစိုးရနှင့် ပတ်သက်သည့် စာရင်းဇယားများတွင် အထူးတလည် အပြောင်းအလဲ ပြုလုပ်စရာ မလိုတော့ချေ။

ဂျာမနီနိုင်ငံ၏ နိုင်ငံကူးလက်မှတ်များတွင်လည်း အမျိုးသားလိင်ကို M၊ အမျိုးသမီးလိင်ကို F ဟု သတ်မှတ်ထည့်သွင်း ဖော်ပြထားရာမှာ မကြာမီတွင် အမျိုးသား၊ အမျိုးသမီးဟူ၍ ဖော်ပြခြင်းမပြုသူများအတွက် X ဆိုသည့် စာလုံးအမှတ်အသားကို ထည့်သွင်းသွားမည်ဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁ ရက်တွင် စတင်သက်ရောက်မည့် ယခုအပြောင်းအလဲနှင့် ပတ်သက်၍ တရားဝင် လိင်အမျိုးအစားဖော်ပြချက် မရှိဘဲ ရပ်တည်နေထိုင်ခြင်းအပေါ် ဂျာမနီနိုင်ငံသားများအကြား မေးခွန်းထုတ်မှုများလည်း ရှိနေကြောင်း သိရသည်။

Planet Myanmar Network

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ